"ring.......ring....ring...."
ဖုန်းမြည်သံကြောင့် Rose တစ်ယောက်ဖုန်းမျက်နှာပြင်ကိုလှမ်းကြည့်လိုက်တော့ ပေါ်နေတဲ့နံပါတ်ကြောင့် အလျင်အမြန်ပင် ဖုန်းကိုကောက်ကိုင်လိုက်ကာ"ဟဲလို.......ကျွန်မရှာခိုင်းထားတဲ့ဟာ အခြေအနေသိရပီလား"
"ဟုတ်..မိန်းခလေးရှာခိုင်းထားတဲ့ဟာက လွန်ခဲ့တဲ့ဆယ်နှစ်လောက်မှာ အစအနလုံးဝပျောက်သွားတယ်ဗျ ဘေးအိမ်ကလူတွေပြောပြသလောက်က သူ့သမီးက အိမ်ကနေထွက်ပြေးသွားပီး အမေဖြစ်သူက နှလုံးဖောက်ပီးသေနေတယ်တဲ့...သူ့သမီးက အမေကိုသတ်ပီးထွက်ပြေးသွားတယ်လို့လည်း ပြောကြတယ် သတင်းကတော့ ဘာမှရေရေရာရာမသိခဲ့ရဘူး...သူတို့အိမ်ကလည်း ဘေးအိမ်တွေနဲ့အဆက်အဆံမရှိကြဘူးလို့ပြောတယ်"Roseတစ်ယောက်လည်း မရေမရာတဲ့သတင်းပေးကြောင့် သက်ပြင်းမောကိုချကာ
"ဒီမှာ...ဦးလေးကြီး ကျွန်မရှင်တို့ကို ပေးထားတဲ့ပမာဏက ရှင့်တစ်သက်စာ ထိုင်စားလို့ရတယ်ဆိုတာရော သိပါတယ်နော်"
တစ်ဖက်မှလည်း Roseရဲ့ စကားကြောင့် ပျာပျာသလဲလဲဖြင့်"ဟုတ်..ဟုတ်..သိပါတယ်ဗျ ကျွန်တော်တို့ကို ပေးထားတဲ့ အချိန်အတွင်း အတိအကျသိရအောင် စုံစမ်းပေးပါ့မယ်ဗျ စိတ်မပူပါနဲ့ ကျွန်တော်တို့ကို ယုံကြည်ပေးပါ"
Rose လည်း ဖုန်းကိုချကာ စိတ်ထဲမှလည်း
အမေအရင်းကိုတောင် သတ်ပီးထွက်ပြေးသွားတယ်တဲ့လား အားလုံးကိုပုန်ကန်ပီး သူ့သမီးကြီးနဲ့အတူတူထွက်သွားခဲ့တဲ့ အမေက သူယုံကြည်တဲ့ သူ့သမီးသတ်တာကိုခံခဲ့ရတယ်တဲ့လား ဟား..ဟား ရီစရာကောင်းလိုက်တာ ကျွန်မရှင့်ကို ရအောင်ပြန်ရှာပီး သွေးချွေးဆပ်ခိုင်းမယ် ကျန်မတို့ကို သတ်ဖို့ကြံစည်ခဲ့တဲ့လူကို ကျွန်မကိုယ်တိုင် ထောင်ထဲပို့ပစ်မယ် ရှင်ရအောင် ပုန်းထားဦးပေါ့ Kim Jisoo shiGD တစ်ယောက်လည်း နေပူပူထဲတွင် တစ်နေ့လုံး အလုပ်တွေရှာခဲ့ပေမယ့် တစ်ခုမှပင်မရခဲ့ချေ လူပြည့်နေတယ် နောက်မှ ပြန်ဆက်သွယ်လိုက်ပါမယ် ဆိုတာနဲ့ပင် လူကဖတ်ဖတ်မောနေချေပီ စိတ်ညစ်ညစ်နှင့် ခြံထဲကိုလှမ်းဝင်လိုက်သည်ဆိုသည်နှင့်
"Jisoo..ya ဒါတွေက ဘာတွေလည်း ဘယ်လိုဖြစ်လို့ အကုန်လုံးပျက်စီနေတာလည်း?ဘယ်သူတွေလုပ်တာလည်း?ဦးလေးကိုပြောပြစမ်း"
သို့သော် မိမိအမေးကိုမဖြေပဲ ငိုပဲငိုနေတဲ့တူမဖြစ်သူကို ရင်ခွင်ထဲထည့်ကာ
"arra..arra..မငိုနဲ့တော့နော် လိမ်မာတယ် ဦးလေးရောက်နေပီပဲ မကြောက်နဲ့တော့ ကြားလား ဖြေးဖြေးချင်းပြောပြ ဘယ်လိုဖြစ်လို့ အိမ်ကဒီလောက်ပျက်စီးသွားရတာလည်း?"
ထိုမှသာ အနှီအငိုသန်သောခလေးမှ လက်ဟန်ခြေဟန်ဖြင့်
"JiJi မသိဘူး samchon အိမ်မှာရေမလို့ ဟိုနားက စမ်းချောင်းမှာ ရေတစ်ချက်သွားခပ်တာ ပြန်လာတော့ အိမ်တစ်အိမ်လုံးဘယ်သူက ရိုက်ခွဲထုချေထားလည်း မသိဘူး"
GDတစ်ယောက်မှာ တူမလေးစကားကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရလေသည် အဘယ့်ကြောင့်ဆိုသော် မိမိမှာ ရန်သူမပြောနှင့် လမ်းဘေးခွေးပင် အဖတ်မလုပ်သောလူတစ်ယောက်လေ အဘယ်အငြိုးနှင့်များ လာဖျက်ဆီးသွားကြလေသနည်း?စဉ်းစား၍ပင်မရချေ
ပျဲ့ကြဲနေသော ပစ္စည်းပစ္စယများကို နှစ်ဦးသားကောက်သိမ်းပီးစီးချိန်မှာ ည၉နာရီပင် ရှိသွားချေပီ တူဝရီးနှစ်ဦးလည်း ရေပင်မချိုးနိုင်ကာ မောမောဖြင့် အိပ်ပျော်သွားတော့သည်တစ်ဖက်မှလည်း
"ဘာ...ဒင်းတို့က အမေကိုသတ်ပီးခုတော့ ဘာမှမဖြစ်သလို အိမ်မှာ လာပြန်နေနေကြတယ်ပေါ့ အရှက်မရှိလိုက်ပုံများ "
Roseလည်း ဖုန်းကိုကောက်ကိုင်ကာ ရင်းနှီးနေသော နံပါတ်တစ်ခုအား ခေါ်လိုက်လေတော့သည်ဝရံတာမှာ ရပ်နေသော Jennie တစ်ယောက် မိမိအနောက်မှ ဝှီးချဲသံကြောင့် လှည့်လိုက်လိုက်ရာ
"အာ...LiLiကလည်း ဘာလို့ထွက်လာတာလည်း လေစိမ်းတွေတိုက်နေတယ်လေ ခဏနေ နေမကောင်းဖြစ်နေလိမ့်မယ် "
"မဖြစ်ပါဘူး Unnie ရဲ့...LiLiလည်း အခန်းထဲမှာပျင်းလို့ပါ ပီးတော့ နေမကောင်းရင်လည်း ဒေါက်တာလက်သံပြောင်တစ်ယောက်လုံးရှိနေတာပဲကို စိတ်မပူပါဘူး"
Jennieလည်း မိမိညီမလေးစကားကြောင့် စဥိးစားနေသော အကြောင်းအရာကိုပင်မေ့ကာ Lisa၏ဆံပင်များကို ဖွကာ
"LiLiကလည်း Rosel ကို အဲ့လောက်ထိ မနှောင့်ယှက်ရဘူးလေ သူလည်း သူ့ရဲ့အချိန်တွေကို အသုံးချပါစေဦး"
"ဟုတ်ကဲ့ပါ Unnieရဲ့ LiLiက ပြောပြတာပါ ဒေါက်တာကိုလည်း အရမ်းကြီးဒုက္ခမပေးပါဘူး"
"Unnie သိပါတယ် LiLiက ဘယ်လောက်လိမ်မာလိုက်တဲ့ခလေးလည်းဆိုတာ..ကဲ..လာ..အထဲပြန်ဝင်ရအောင် အပြင်မှာအေးတယ်"
"Ok...Let go Unnie"တစ်ချို့သော အရာတွေက မသိလေပိုကောင်းလေဆိုသလိုပါပဲ သိလိုက်သည်နှင့်တစ်ပြိုင်နက် နာကျင်စရာတွေပါ တစ်ပွေ့တစ်ပိုက်ကြီး လက်ခံရသလိုပေါ့ ..............
YOU ARE READING
ကံစီမံရာ
Fanficကိုယ့်ကို အထပ်ထပ်နာကျင်စေတဲ့ လူကိုမှ ချစ်မိသွားခဲ့တဲ့ ကောင်မလေးတစ်ယောက် တကယ်တော့ ကံတရားဟာ.....