အငြိုး

15 1 0
                                    

10နှစ်ခန့် ကြာသောအခါ...

"ဒေါက်ဒေါက်"
"ဝင်ခဲ့ပါ"
စကားသံအဆုံး တံခါးကိုတွန်းဖွင့်ပီး ဝင်လာတဲ့ ဝှီးချဲနဲ့အရပ်ရှည်ရှည်ကောင်မလေးတစ်ယောက်
"အာ...Liliကလည်း  တံခါးခေါက်နေသေးတယ် ဒီအတိုင်းဝင်လာခဲ့လည်း ရနေတာကို"

"အံမယ်..ဒီအတိုင်းကြီးတော့ မဝင်ရဲပါဘူး  အခန့်မသင့်လို့  ဆရာဝန်မမကြီးရဲ့ အခေါက်ခံနေရမှဖြင့်"

"မခေါက်ပါဘူး Liliရယ် ကဲပြောပါဦး တစ်ယောက်တည်းလာတာလား Unnieနဲ့လာတာလား?"

"Unnieနဲ့လာပါတယ် ဒေါက်တာRoseni Parkရယ် ဆရာဝန်မလုပ်စားပဲ အမှုစစ်ရှေ့နေပဲလုပ်ပါလား ဝင်ငွေလည်းများတယ် မေးချင်တာလည်း မေးလို့ရတယ်လေ"
ထိုစကားသံအဆုံး ခွပ်ဆိုတဲ့အသံနဲ့အတူ ခေါင်းမှာအာလူးသီးသွားတဲ့ လီဆာတစ်ယောက်
"ဘာမဟုတ်ဘူး စကားများလို့ခေါက်တာ ကျေနပ်ပီလား "

"ဟွန့်....ဟုတ်ပါပီ ဒေါက်တာမရယ် အခုခေါက်လိုက်ရလို့ ကျေနပ်ပီလား ပြင်ဆင်စရာရှိတာရော အားလုံးပီးကုန်ပီလား"

"ပီးပါပီ Liliရယ် ဒီညနေတစ်ခါတည်း နှုတ်ဆက်ပွဲပါလုပ်မလို့  ကဲလာတစ်ခုခုသွားစားရအောင်"
"အိုခေ...Let Go"
အဖေတစ်ခု သမီးတစ်ခု  လူမှန်းသိတတ်စအရွယ်ကတည်းက နယူးဇီလန်မှာ ကြီးပြင်းလာတဲ့ ကျမ ငယ်ငယ်ကတည်းက အမေဆုံးသွားပီလို့ သိခဲ့ရတဲ့ကျမ တွယ်တာစရာဆိုလို့ အဖေတစ်ယောက်သာရှိခဲ့တယ်  ကျမဆရာဝန်ဖြစ်လာတာ သေချာတာကတော့ Liliဲကြောင့်ပဲ ဖြစ်လိမ့်မယ် ဆယ်ကျော်သက်အရွယ်မှာ အိမ်နီးချင်းဖြစ်လာတဲ့ ကောင်မလေးတစ်ယောက် ကံဆိုးစွာနဲ့ ကားခိုးလာတဲ့လူတစ်ယောက်ရဲ့မဆင်မခြင်မောင်းနှင်မှုကြောင့် အောက်ပိုင်းသေခဲ့ရတယ်  ကံတရားကို ကျမမယုံကြည်ပါဘူး ဒါပေမယ့် ဒီလူသားကိုတော့ ကျမပျောက်အောင်ကုသချင်တယ် ပီးတော့ ဒီတစ်လောကမှ သိခဲ့ရတဲ့ ဘဝရဲ့အမှန်တရားတစ်ခု အဲ့အရာကို ပြန်ရှာဖွေဖို့အတွက်  Liliတို့နဲ့အတူ ကျမမမှတ်မိတော့တဲ့ အမိမြေကို ပြန်ရတော့မယ် နှုတ်ဆက်ခဲ့ပါတယ် နာယူးဇီလန်ရေ မင်းတို့တွေပြောနေတဲ့ ကံတရား တစ်နေ့ကံမကုန်ရင် ပြန်ဆုံကြတာပေါ့..........

.......................................................................

ထောင်တံခါးမကြီး ပိတ်သံအဆုံး
"Jisoo..ya  samchonဒီမှာ"
"aigo..ကြည့်ပါဦး  အကောင်လေးက သေးသေးလေးနဲ့ မငိုနဲ့လေ wae wae ဦးလေးသိတယ် လာသွားရအောင်"

ဓါတ်ပုံရှေ့မှာ ရပ်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ အသက်ကြီးကြီး ယောက်ကျားလေးတစ်ယောက်
ကျမလား  ကျမနာမည် Kim Jisoo ပါ ပြောရရင်တော့ ထောင်ထွက်မိန်းကလေးတစ်ယောက်ပေါ့ ပီးတော့ စကားမပြောတတ်တဲ့ မိန်းခလေးတစ်ယောက်ဆိုလည်း မမှားပါဘူး အရာအားလုံးဟာ ကံတရားရဲ့အလိုကျ ဟာကွက်မရှိဖြစ်ပီးသွားပီး ကျမမှာ ပိုင်ဆိုင်ခဲ့တာဆိုလို့ အမေတစ်ယောက်ပဲ ရှိခဲ့တာပါ ဒါပေမယ့် အခုတော့ အရာအားလုံးက ပီးဆုံးသွားခဲ့ပီလေ စကားမပြောတတ်တဲ့ ထောင်ထွက်မိန်းကလေးတစ်ယောက်က လူကြားမှာ ဘယ်လိုရှင်သန်ရမလည်းတော့ ကျမကိုယ်ကျမလည်း မသေချာသေးပါဘူး အရာအားလုံးက ကံဇာတ်ဆရာ အလိုကျပေါ့လေ........
"တောင်းပန်ပါတယ် Noona ...မလုံလောက်ဘူးဆိုတာကို သိပေမယ့် အချိန်မှီမရောက်လာနိုင်ခဲ့တာကိုရော Jisooလေးကို မကာကွယ်နိုင်ခဲ့တာရော တောင်းပန်ပါတယ် ဒီနေ့ကစပီး ဒီကလေးကို ကျွန်တော်သေသေချာချာ စောင့်ရှောက်ပါ့မယ်"

"တောင်းပန်ပါတယ်  omma soo ommaကို မစောင့်ရှောက်နိုင်ခဲ့ဘူး  sooအသုံးမကျလို့ ommaသေခဲ့ရတာ တောင်းပန်ပါတယ် တကယ်ကိုတောင်းပန်ပါတယ်  မွေးလာကတည်းက ဆိုးကံပါလာတဲ့ သမီးကို မစွန့်ပစ်ခဲ့လို့ ommaကံဆိုးမှုတွေကို ကြုံခဲ့ရတာ တောင်းပန်ပါတယ် တကယ်ကိုတောင်းပန်ပါတယ်"(jisooရဲ့ စကားတွေကို စိတ်ကနေပြောတာကို သိစေချင်ပါတယ်Jisooက စကားမပြောတတ်ပါဘူးခင်ဗျာ)

..............................................................................

"သူ...လွတ်လာပါပီ မမလေး  အခုလက်ရှိ သူ့ဦးလေးဆိုသူနဲ့ အတူတူနေနေပါတယ်"
"ကောင်းပီ...သူဘာလုပ်တယ် ဘယ်သွားတယ် အကုန်စောင့်ကြည့်ထား"

"ဟုတ်ကဲ့ပါ မမလေး "

Kim Jisoo..အားလုံးပီးသွားပီလို့ မထင်လိုက်နဲ့  ကျမညီမလေးရဲ့ နာကျင်မှုထပ် အဆပေါင်းများစွာထပ်ပီး ခံစားရအောင် ကျမလုပ်ပြမယ် သေတာထက် ဆိုးတဲ့ဘဝကို ပိုင်ဆိုင်စေရမယ် Jennie Kimရဲ့ ဘဝမှာ သားကောင်ကို လွှတ်ပေးလိုက်တယ်ဆိုတဲ့ ရာဇဝင်မရှိဘူး ရှင့်ကြောင့်သာ ကျမ ဒီကိုရီးယားမြေကို ပြန်အခြေချခဲ့တာမလို့ သွေးချွေးပြန်ဆပ်ဖို့သာ ပြင်ထားလိုက်ပါ..
တစ်ဖက်မှာတော့ အငြိုးတွေ အာဃာသတွေနဲ့အမုန်းကြီးမုန်းနေတဲ့ ကောင်မလေးတစ်ယောက်နဲ့  တစ်ဖက်မှာလည်း ယူကြုံးမရခြင်းနဲ့ ဦးတည်ချက်မဲ့နေတဲ့ ကောင်မလေးတစ်ယောက်  သေချာတာတစ်ခုကတော့  ကံဇာတ်ဆရာဟာ ဘယ်လိုအရာတွေနဲ့  ဆက်ပီးလှည့်စားဦးမလည်းဆိုတာပါပဲ.................

ကံစီမံရာWhere stories live. Discover now