/1 July 2022/
နွေရာသီဆိုပေမယ့် နေရောင်ကိုသိပ်ပြီး
မြင်ရလေ့မရှိတဲ့နိုင်ငံ...ကနေဒါ။လက်ဆတ်နေတဲ့ရာသီဥတုကို လေပြေလေးက
ထပ်ပေါင်းလိုက်တဲ့အခါသိပ်ကိုသဘောကျချင်စရာကောင်းလှသည်။အင်း...ကျွန်တော်နဲ့တော့လိုက်ဖက်မနေဘူး...
တကယ်ဆိုဒီနေ့ကမင်္ဂလာနှစ်ပတ်လည်နေ့
မောင်နဲ့အတူတူရှိနေသင့်တဲ့နေ့ဆိုပေမယ့်
ရန်ဖြစ်ပြီးတစ်ယောက်ထဲထွက်လာတာမို့
စိတ်ကတော့ကြည်မနေပါ။ရန်ဖြစ်တာကတော့ဖြစ်ရိုးဖြစ်စဉ်အတိုင်းပါပဲ
ရန်ဖြစ်တိုင်းတစ်နေရာကိုထွက်လာနေကျ
ဆိုပေမယ့်ဒီလိုနိုင်ငံရပ်ခြားကိုထွက်လာတာတော့
ဒါပထမဆုံး။ဖုန်းဖွင့်လိုက်တိုင်း social media ပေါ်
ပလူပျံနေတဲ့ Park လုပ်ငန်းစုရဲ့ပုံများသည်
မမြင်ချင်မှအဆုံးပင်။အလင်းတန်းလိုပြုံးပျော်နေတဲ့သူသည်ကိုရီးယားရဲ့ထိပ်တန်းသူဌေး
ပတ်ဂျီဟွန်း။တနည်းအားဖြင့် အမျိုးသားဖြစ်သူသည်စီးပွားရေးနဲ့ပတ်သက်လာရင်ဘယ်အရာကိုမဆိုလှည့်မကြည့်တတ်သူတစ်ဦး။ထိုအရာတွေထဲကျွန်တော်ကိုယ်တိုင်လဲပါလေသည်။
ဘယ်ဘက်လက်သန်းကြွယ်ကလက်စွတ်လေးက
ရှင်းရှင်းလေးနဲ့တင့်တယ်နေတုန်းဆိုပေမယ့်
ကြည့်မိလိုက်တိုင်း၀မ်းနည်းစိတ်တို့ကတရိပ်ရိပ်။သတိတွေလွတ်နေလိုက်တာများ
မှာထားတဲ့ကော်ဖီရကြောင်းကို
ဘဲလ်တီးအသံကြားမှသတိ၀င်သည်။ဆိုင်အပြင်ကိုထွက်လာသည့်တိုင်အောင်
အာရုံတွေကဖုန်းထဲမှာပဲရှိနေတာမို့
သတိလက်လွတ်ဖြစ်နေကာ ဆိုင်ထဲ၀င်လာသူ
တစ်ယောက်ကို၀င်တိုက်မိတော့သည်။"အာ့!"
ကော်ဖီပူပူတွေက ထိုကောင်လေးရဲ့
Tshirt အညိုပေါ်မှာ ပြန့်ကျဲလို့ရယ်။"မီယမ်းနဲ အာ...sorry I'm so sorry"
ပြောမိပြောရာပြောရင်း ပါလာတဲ့လက်ကိုင်ပုဝါနဲ့
ပြာပြာသလဲသုတ်ပေးမိတော့ စိတ်ဆိုးရမယ့်အစားမေးခွန်းတစ်ခုကိုမေးလာသည်။