End

72 8 2
                                    

ဂျူလိုင်လတတိယအပတ်ထဲရောက်လာသည့်တိုင်
နှစ်ယောက်သားမတွေ့တဲ့နေ့ဆိုတာမရှိသေး။
ကနေဒါရဲ့ အထင်ကရနေရာတွေကို
တစ်ရက်တစ်မျိုးမထပ်အောင်သွားခဲ့သည်။

တောင်တန်းတွေကအစ ရေပြာအိုင်တွေအထိ
လိုက်ပို့ပေးသူဟာလည်း ဟင့်အင်းဆိုတာမရှိခဲ့။

မငြင်းခဲ့ပါဘူး...အနားမှာရှိနေချင်တာမို့လေ။

တောင်တန်းတွေဆီကိုသွားတဲ့နေ့...

"ကျွန်တော်လေ ကနေဒါရဲ့‌တောင်တန်းတွေကို
သိပ်သဘောကျတာပဲ"

တောင်တန်းတွေကိုငေးကြည့်ရင်း
အညိုရောင်လေးပြောလာသောစကား။

ဟုတ်တယ် အရမ်းလှတာကို။တစ်ချို့တွေက
အပူရှိန်ကြောင့်ရေခဲတွေလုံး၀ရှိမနေတော့ပေမယ့်
တစ်ချို့မှာတော့ ဖြူဖွေးဖွေးနှင်းအစုစုတွေ
ရှိနေတုန်း...တစ်မျိုးစီလှနေတာပေါ့။

/Trout ရေကန်/

"အစ်ကိုသိလား အစ်ကို့မျက်လုံးလေးတွေက
ဒီရေအိုင်လေးလိုပဲ"

ကြည့်လိုက်တာနဲ့စိတ်ကြည်သာဖွယ်ရေအိုင်လေးကိုကင်မရာထဲထည့်ရင်းမှရုတ်တရပ်ပြောလာသူ။

"ဟင် ဘာလို့လဲ..."

"မသိဘူး...ဒါပေမယ့်လေ...
အစ်ကို့မျက်လုံးတွေကို စပြီးကြည့်မိလိုက်ထဲက
ဒီ ရေအိုင်လေးကိုတမ်းတွေးမိတာ...
အဲ့ဒါကြောင့်ဒီနေရာကိုလိုက်ပို့ချင်ခဲ့တာ"

လိုက်ပို့ချင်ခဲ့တာတဲ့...

ကိုယ်တိုင်မသိလိုက်ခင်မှာပင်
အလိုလျှောက်ပြုံးမိစေတဲ့အသံဩရှရှလေး...

Trout ရေကန်ရဲ့ ဘေးလမ်းတစ်လျှောက်မှာ
မေပယ်ပင်တွေအများကြီးရှိသည်။
အရောင်မပြောင်းသေးတဲ့မေပယ်တွေပေါ့။

"သူတို့ကဘယ်တော့ကြွေမှာလဲ"

မေပယ်တွေကိုကြည့်ရင်းမေးသည်။

"စက်တင်ဘာအကုန်ပိုင်းလောက်ပေါ့...
ဒါမှမဟုတ်လဲ အောက်တိုဘာအစပိုင်းလောက်"

နမည်ကြီးတဲ့နေရာတွေကို‌ရှာပြီး
လိုက်ပို့ခိုင်းခဲ့တာ ကိုယ်တိုင်ဖြစ်ပေမယ့်
ဒီရေအိုင်တွေဆီကိုတော့ အညိုရောင်လေးသည်
သူ့သဘောနဲ့သူခေါ်လာပေးခဲ့ခြင်းသာ။

me in JULYWhere stories live. Discover now