အပိုင်း (၁)

3.2K 111 6
                                    

" သခင်လေးကို H7 ကပြန်ပေးဆွဲသွားပါတယ် ။ "

" ဘာ !!!! "

ဧည့်ခန်းကြီးတစ်ခုလုံးကို ဟာအိုရဲ့ အသံက
ဖုံးလွှမ်းသွားသည် ။ ဒီလိုပြန်ပေးဆွဲသွားတဲ့
သတင်းကိုတောင် အေးအေးလူလူ လာတင်ပြ
နိုင်တာ ဟာအိုအံ့ဩလွန်းလို့ လက်ဖျားတွေပါ
ခါရသည် ။

" ဘယ်လမ်းကြောင်းကလဲ ။ မင်းတို့ကိုသေချာ
စောင့်ကြည့်ပါလို့ ငါပြောခဲ့တယ်လေ ။ "

" ကျွန်တော်တို့ လျို့ဝှက်လမ်းကြောင်းမှာ
chip လေးတစ်ခုတွေ့ခဲ့တာ ။ ပြီးကျအဲ့ဟာက
သခင်လေးရဲ့ ဆေးလုံးထဲကနေ.... "

" တောက်ခ် ! "

ဟာအိုရဲ့ဒေါသ အခုချိန်မှာအဆုံးစွန်ထိ
ရောက်နေပြီဖြစ်သည် ။ မည်သူမျှမမှန်းဆနိုင်တဲ့
နေရာမှာ ခြေရာခံစက်ကိုထည့်နိုင်တာ
နေရာတစ်ခုကလွဲပြီး ဒီကမ္ဘာပေါ်မှာ
မရှိနိုင်တော့ပေ ။

" ဂျောင်ဟွန်း မင်းကိုယ်ရံတော်အဖွဲ့ကို သတင်းပေးဖို့
စီစဉ်ထား ။ အိုလီ မင်းက ဟန်ယူဂျင်း တည်နေရာကို
မဖြစ် ဖြစ်တဲ့နည်းနဲ့သေချာစုံစမ်း ။ သူလျှိုရော
အဲ့ဘက်ကကောင်တွေကိုရော ဂျုံဝူးက
ကိုင်တွယ်ရမယ် ။ "

" Ya ! အဲ့လို ကလိမ်ကကျစ်နဲ့ ဥာဏ်နီဥာဏ်နက်
ဒီလောက် ပြည့်နှက်နေတဲ့ ဂိုဏ်းရော
သူလျှိုကိုရော ငါ့ကိုလွှဲပေးတာ ဘာသဘောလဲ ။ "

ဂျုံဝူးက မကျေမနပ်ဆိုသည် ။

" မင်းအဖွဲ့ထဲက လူတွေလည်းပြန်ကြည့်ဦးလေ ။
တစ်ဂိုဏ်းလုံးနီးပါး မင်းဆီရောက်နေတာ ။
ဒါမှမဟုတ် မင်းဂျီဝွန်းဟျောင်းဆီ တိုက်ရိုက်
သွားမလား ။ "

ဟာအိုက ပြောတော့ ဂျုံဝူးက ငြိမ်ကျသွားသည် ။

ဒီအခြေအနေက အနည်းငယ်မဟုတ်ဘူး အတော်ကို
ရှုပ်သွားတာဖြစ်သည် ။ အစတည်းက Roze ဂိုဏ်း
ကိုမသွားချင်တဲ့ ဟန်ယူဂျင်းရဲ့ စနက်ပဲလား
အမှန်ကန်ကို Jayတို့ H7 လက်ချက်ပဲလား
ဆိုတာ သေချာအတည်မပြုနိုင်သေးပေ ။

ဒီကြားထဲ Roze ဂိုဏ်းကမျက်နှာပြောင်တိုက်တဲ့
ခေါင်းဆောင် ဆိုတာကို ကံမကောင်းရင်
သူက ဂျီဝွန်းဟျောင်းအစား မျက်နှာချင်းဆိုင်
စကားပြောရနိုင်သေးသည် ။

Untitled PillWhere stories live. Discover now