"ရစ်ခီရေ ထတော့ကွာ ကျောင်းနောက်ကျတော့မယ် ဒီနေ့ ပထမဆုံးရက်လေ နောက်ကျလို့မဖြစ်ဘူး"
ဘယ်ဘက်က သွားနှိုးရင် ညာဘက်ကို လှည့်အိပ်တယ်။ ညာဘက်ကနေ သွားနှိုးရင် ဘယ်ဘက်ကို လှည့်အိပ်ပြန်တယ်။
ဟော... ဒီကောင်လေးကတော့.. ဘယ်လိုမှ နှိုးမရတဲ့အဆုံး မနက်စာ သွားစားဖို့သာ အောက်ထပ်ကို ဆင်းလာလိုက်သည်။
"မက်ချူး... ဟိုကောင်လေး အခုထိ မထသေးဘူးလား"
"ဟုတ်တယ် မားမား သားနှိုးတာ နှိုးလို့ကို မရဘူး"
"ကဲကဲ မားမားကိုယ်တိုင် တက်ပြီး သောင်းကျန်းမှ ဖြစ်တော့မယ် မက်ချူးရေ"
ဒုံးဆိုင်းပြီး အပေါ်ကို တက်သွားသော မားမားရှောင်းကို ကြည့်ပြီး မက်ချူးက ပြုံးမိသည်။
ပန်းပွင့်လေးလို နူးနူးညံ့ညံ့ လှလှပပ နေတတ်တဲ့ မားမားရှောင်းက သူ့သားနှင့်ဆိုရင်တော့ ကြမ်းရ တမ်းရတော့သည်။
ဒီအမေနဲ့ ဒီသား လိုက်လည်းလိုက်ပါသည်။
"ဒီကောင် ရစ်ခီ မက်ချူးလိုသာ အပိုကျိုးရင် ငါ့မိန်းမ အဲ့လောက် မပင်ပန်းဘူး"
ပါပါး ဒိုယွန်းက ထမင်းစား စားပွဲမှာ ထိုင်ထိုင်ချင်း ထိုစကားကို ပြောသည်။
မက်သရူးက ထပ်ပြီး ပြုံးရုံ ပြုံးလိုက်သည်။
"မက်ချူး မင်းက ဒီနှစ်ဆို အလယ်တန်းနောက်ဆုံးနှစ်တောင် ရောက်ပြီနော်"
"ဟုတ်တယ် ပါပါး"
ဟုတ်ပါရဲ့... ဒီနှစ်ဆို သူဟာ အလယ်တန်းနောက်ဆုံးနှစ် ကျောင်းသား... ဒီအိမ်ကို ရောက်တာပင် ငါးနှစ်ပြည့်တော့မည်ဖြစ်သည်။ ဒယ်ဒီ့ထံမှတော့ ဘာသတင်းစကားမှ မလာ...
သူဟာ အခုတော့ ဒယ်ဒီနဲ့ မာမီမရှိတဲ့ဘ၀မှာ ပျော်သလို နေတတ်နေပြီဖြစ်သည်။ ပါပါးနဲ့ မာမားကလည်း သူ့ကို လိုလေသေးမရှိ ဂရုစိုက်တာမို့ သူ့မှာ ကျေးဇူးတင်ရ, အားနာရနှင့် တစ်နေ့တော့ ဒီကျေးဇူးတွေကို သူ ကျေအောင် ဆပ်ချင်သည်။
"မက်ချူး ဘာတွေ အတွေးလွန်နေတာလဲ မုန့်လေးလည်း စားပါဦး ကျောင်းမှာ ဗိုက်ဆာနေမယ်"
YOU ARE READING
Lean On Me
Fanfiction"ကျွန်တော့်ကို ညီလေးတစ်ယောက်လို ဆက်ဆံနေတာတွေ ရပ်တန်းက ရပ်ပါတော့"