"ကျောင်းသွားတဲ့ဟာကို ဒီထီးကြီး ဘာကိစ္စ ယူလာရတာတုန်း"
"ဩ်ော .. လမ်းမှာ ဟို ဟျောင်းနဲ့များ မတော်တဆတွေ့ဖြစ်ခဲ့ရင် ပြန်ပေးလို့ ရအောင်ပါ"
"အလုပ်ကို ရှုပ်တယ်"
ရစ်ခီက နှာခေါင်းကို ရှုံ့ကာ မသာမယာ လေသံနဲ့ ပြောနေချိန်မှာ မက်သရူးကတော့ လမ်းဘေးဝဲယာကိုသာ ခေါင်းလေးလည်လို့ လိုက်ကြည့်နေသည်။
မတော်တဆ ဂျီဝွန်းဟျောင်းနဲ့များ တွေ့ခွင့်ရလေမလား ဆိုသော မျှော်လင့်ချက်ဖြင့်။
.
.
.
."မက်သရူး ကျွန်တော်လေ မက်သရူးဆီက အကူအညီ တစ်ခုလောက် တောင်းချင်လို့"
"ပြောလေ ထယ်ရယ်...ကင်မ်ထယ်ရယ် ဟုတ်တယ်မလား"
"ဟုတ် ဟုတ်ပါတယ်.."
"ကျွန်တော်လို့ မသုံးပါနဲ့လား ထယ်ရယ်ရယ် မင်းနဲ့ ငါနဲ့ပဲ သုံးပါ တစ်တန်းတည်းသားချင်းပဲဟာကို"
" ဟုတ်"
"ကဲ ဟုတ်ကြီးက ဘာကြီးတုန်း အင်းလို့ပဲ ပြောလေ"
"ဩ်ော..အင်း... ငါ.. ငါပြောချင်တာကလေ ငါ့ကို စာကူပြပေးလို့ရမလားဟင် ဂိုက်သဘောမျိုး..."
"ဒီလ အဆင့်တွေအများကြီး ကျသွားတော့ အိမ်က ဟျောင်းက တအားစိတ်တိုနေတာ ငါ အဆင့်ထပ်ကျရင် မလွယိဘူး အဲ့ဒါကြောင့်လေ အခုလို အကူအညီ တောင်းရတာပါ"
"ရတာပေါ့ ကိစ္စမရှိပါဘူး ဒါပေမယ့် တစ်ခုရှိတာက ထယ်ရယ်က ငါ့အိမ်လာမှာလား ငါက ထယ်ရယ်အိမ်လိုက်ရမှာလား"
"အဲ့ဒါကလည်းလေ ဟျောင်းက ငါ့ကို သူများအိမ်လိုက်တာမျိုးကျ ခွင့်ပြုမှာ မဟုတ်ဘူး မက်သရူးပဲ ငါ့အိမ်လာပေးလို့ အဆင်ပြေမလားဟင် တကယ် တောင်းပန်ပါတယ်"
"ဩ်ော ရပါတယ် ငါ့ အိမ်ကိုတော့ တစ်ချက် ခွင့်ပြုချက် ပြန်တောင်းလိုက်ဦးမယ်နော် အဆင်ပြေရင် မင်းကို ပြန်ပြောမယ်လေ"
မက်သရူး အခုမှ ပထမဆုံးအကြိမ် ကင်မ်ထယ်ရယ်နဲ့ စကားပြောဖူးခြင်း ဖြစ်သည်။ ယခု နှစ်မှာမှ ကျောင်းပြောင်းလာတဲ့ ထယ်ရယ်က သူ့ဟာသူ ခပ်ကုပ်ကုပ်ကလေး နေတာများပြီး အပေါင်းအသင်း သိပ်မရှိပုံ ပေါ်သည်။
YOU ARE READING
Lean On Me
Fanfiction"ကျွန်တော့်ကို ညီလေးတစ်ယောက်လို ဆက်ဆံနေတာတွေ ရပ်တန်းက ရပ်ပါတော့"