"မက်ချူး... ယူရီ့ကိုလေ ဒီပုစ္ဆာလေး ရှင်းပြပေးလို့ ရမလား"
နေ့လယ် ထမင်းစားကျောင်းဆင်းချိန် ကျောင်းဆင်းဆင်းချင်းမှာ အတန်းဖော်ကောင်မလေး ယူရီက မက်သရူးထံ စာလာမေးသည်။
"ဟို... ကန်တင်းက ပြန်လာမှ ရှင်းပြမယ်လေ ရမလား ငါ့ညီလေးက ငါ့ကို စောင့်နေမှာမလို့"
"ရပါတယ် အေးအေးဆေးဆေးစားပြီးမှ လာခဲ့၊ ယူရီ အတန်းထဲကနေပဲ စောင့်နေမယ်နော်"
.
.
."မက်သရူး!!!!"
အခန်း၀မှာ ရစ်ခီရောက်နေမှန်း သူ,မသိလိုက်။
သူလှည့်ကြည့်တော့ ရစ်ခီ့မျက်နှာက သုန်မှုန်နေသည်။
ဒီကလေး ဘာကို စိတ်မကြည်ပြန်လဲမသိ။"မြန်မြန်လာလေ ဘာလုပ်နေတာလဲ"
"အေးပါကွာ ..လာပါပြီ"
"ယူရီ ငါသွားလိုက်ဦးမယ်နော် ငါ ထမင်းစားတာ သိပ်မကြာပါဘူး"
"အိုခေ အိုခေ"
ယူရီက သူ့သွားတက်ကလေးပေါ်အောင် ပြန်ပြုံးပြရင်း တာ့တာပြသည်။သူအခန်းထဲက ထွက်လာတော့ ရစ်ခီက အခန်း၀မှာ မရှိတော့။ ရှေ့ကနေ ခြေလှမ်းကျယ်ကြီးတွေနဲ့ အမြန်လျှောက်နေလိုက်တာ သူ့ကိုပင် မစောင့်။
---------------------------------
ကန်တင်းက ခါတိုင်းထက် လူပိုကျနေသည်။ ဒီနေ့ အတန်းအားလုံး ပြိုင်တူ ဆင်းတာမို့ ထင်ပါရဲ့။ထမင်းစားဖို့ ထိုင်ထိုင်ချင်းမှာ
ရစ်ခီက မက်သရူးရဲ့ ထမင်းပန်းကန်လုံးကို ဆွဲယူလိုက်ပြီး ထမင်းထဲပါလာတဲ့ ပဲလုံးတွေကို တစ်လုံးချင်းစီ ဖယ်ထုတ်ပေးသည်။"ရပါတယ် ငါလုပ်လိုက်မယ် မင်းစားတော့လေ"
မက်သရူးရဲ့ စကားက ရစ်ခီ့ နားထဲ မ၀င်ဟန်ရှိသည်။
ပဲလုံးတွေ အကုန်ဖယ်ပြီးပြီဆိုကာမှ ထမင်းပန်းကန်လုံးကို မက်သရူးထံ ပြန်ပေးပြီး
သူ့ထမင်းသူသာ ငုံ့စားနေတော့သည်။မြင်နေရတဲ့ စုကျုံ့နေတဲ့ မျက်ခုံးနက်နက်တွေကြောင့်
ရစ်ခီ သူ့ကို စိတ်ဆိုးနေပြန်ပြီဆိုတာ မက်သရူး သိလိုက်ပါပြီ။နေ့လယ်စာ စားအပြီးမှာတော့...
ရစ်ခီက စပြီး စကားပြောလာသည်။
YOU ARE READING
Lean On Me
Fanfiction"ကျွန်တော့်ကို ညီလေးတစ်ယောက်လို ဆက်ဆံနေတာတွေ ရပ်တန်းက ရပ်ပါတော့"