''ဟန်ဘင်းဟျောင်း ဟျောင်း ဘာစားမှာလဲ?ဒီကြက်သားမျှင်ကိတ်စားမလား? ''ဟု မုန့်တွေလျှောက်ကြည့်နေသော မက်သရူးမှ ဘေးကဟန်ဘင်းအားမေးလိုက်၏။
''ဟာ ကြက်သားမျှင်ကိတ်!ငါ့အာ့ကြီးမကြိုက်ပါဘူး။ကိတ်မုန့်ပေါ်မှာ ချိုအီနေတဲ့အရသာကြီးနဲ့ တစ်မျိုးကြီးပဲ စားချင်စိတ်ကို ကုန်စေတဲ့ဟာကြိိီး တော်တော်။ကိုလာပဲသောက်တော့မယ် ။အာ့တွေတော်ပြီ''
''ဟွန့် ကျွန်တော်က အကောင်းနဲ့ဗိုက်ပြည့်စေတဲ့ဟာပြောပြတာကို မကြိုက်နေပေါ့်။ကျွန်တော်ကတော့ ကြိုက်လို့စားမှာ ပြီးမှသူများဆီကလာမစားနဲ့''
ဟု အနည်းငယ်စိတ်ဆိုးသောလေသံဖြင့် မက်သရူးမှပြောလိုက်သဖြင့်ဟန်ဘင်းကချက်ချင်း
''အာ ငါအဲ့ဟာကြီးကိုအတည်မကြိုက်လို့ပါကွာ မက်သရူးကလည်း စိတ်မဆိုးပါနဲ့'' ဟုပခုံးချင်းဘေးတစောင်း တို့တို့ပြီး ပြောနေလေ၏။
မက်သရူးကလည်း ''အွန်း အွန်း သိပါတယ် '' ဟုနှုတ်ခမ်းလေးစူ ပြောလိုက်ပြီး နှစ်ယောက်သားဝယ်စရာရှိတာဝယ်ပြီး ကန်တင်းမှပြန်ထွက်သွားလေသည်။'' ဒေါင်! ဒေါင်! ဒေါင်! ''
အတန်းတက်ခေါင်းလောင်းသံပြန်၍မြည်လာပြီး ကျောင်းသားများလည်း ခပ်သုတ်သုတ်လေး အတန်းရှိရာသို့အလျှိုလျှို ဝင်ရောက်သွားကြပါသော်လည်း
ဟန်ဘင်းနဲ့မက်သရူးကမူ
''မက်သရူးရာ ဒီနေ့ဂိမ်းဆိုင်သွားရအောင် အရင်နေ့ကဟိုကောင်တွေကို ငါမကျေနပ်သေးဘူး ''''ဟင် ရန်ဖြစ်မလို့လား?''
''အွန်း မကျေပွဲနွှဲချင်သေးတာ။ ဘယ်လိုလဲသွားကြမယ်မလား''
''အာ ဟျောင်းကလည်းသွားမနေပါနဲ့ထားလိုက်ပါ။ကျွန်တော်လည်းအခု ဘာမှမဖြစ်တော့ဘူးလေ။နည်းနည်းပဲခိုက်မိတာကို''ဟုမက်သရူးကပြောပါသော်လည်း ဟန်ဘင်းကဇွတ်သွားမည်လုပ်နေသဖြင့် မက်သရူးလည်းတားမရ၊လိုက်ပါသွားလေ၏။
ဟန်ဘင်းသည် ကျောင်း၏ ပြန်ပြောနားမထောင် လူဆိုးလေးဖြစ်သည်။ အတန်းချိန်များကိုလည်း အားတိုင်းလစ်တတ်ပြီး ရန်အမြဲဖြစ်သောကောင်ဆိုးလေးဖြစ်ပါသော်လည်း မက်သရူးကမူအနည်းငယ်ကြောက်တတ်ပြီးသူ့အကိုစိတ်တိုင်းကြလိုက်လုပ်ပေးပြီး သူ့အကိုအားအရမ်းချစ်သောကောင်လေးဖြစ်သည်။ အမှန်တစ်ကယ်တော့ မက်သရူးသည် ဟန်ဘင်းထပ်တစ်နှစ်ငယ်၏။သို့သော်အတန်းမှာတစ်နှစ်တည်းတစ်ခန်းတည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည်သတ်မှတ်ထားသော အသက်မပြည့်သေးဘဲကျောင်းအား မိဘအရှိန်နှင့် အတူတူစောတက်ခဲ့ကြ၍ဖြစ်သည်။