(PT-4)

351 32 0
                                    

''အင်းပါ မင်းတို့ကိုယ်လက်သန့်စင်ပြီး ဒဏ်ရာတွေကိုဆေးထည့်ချေ။သွား သွား။ပြီးရင် ညစာစားမယ်၊ငါထမင်းစားခန်းမှာ ပြင်ဆင်ပြီးစောင့်နေမယ်''

''ဟုတ် ''

''ဟုတ်ကဲ့ ဂျီဝွန်းဟျောင်း ''မက်သရူးက တက်ကြွစွာ ပြောပြီးအမြန်ရေချိုးခန်းသို့ သွားလေ၏။ဟန်ဘင်းလည်း နောက်ကနေတူတူလိုက်သွား၏။

''ဟျောင်း ......
ဟျောင်းအရင်ချိုးမှာလား ဒါမှမဟုတ် ကျွန်တော်အရင်ချိုးလိုက်ရမလား''

''မင်းအရင်ချိုး၊ငါပြီးမှချိုးမယ်''
''ဟုတ် ဟုတ်''

ဟန်ဘင်းသည်အပြင်ပန်းကကြည့်လျင် မည်သည့်အရာကိုမှဂရုမစိုက်၊တဇွတ်ထိုးလုပ်တတ်သောလူ၊ဆိုးတေသောလူ ဟုထင်ရပါသော်ငြား အတွင်းစိတ်နှလုံးတွင်မူ မည်သူမှမထင်မှတ်ထားသည့် မေတ္တာဓာတ်၊ဂရုဏာဓာတ်များ ကိန်းအောင်းနေသည်။ဟန်ဘင်းသည် သူ့၏အကိုနှင့်တစ်ဉီးတည်းသောသူငယ်ချင်းလည်းဖြစ်ညီငယ်လေးလို့ချစ်ရတဲ့ညီအရင်းသဖွယ် မက်သရူးတို့အား လွန်စွာမှမေတ္တာရှိလှသည်။ ဤကဲ့သို့မေတ္တာရှိပါသော်လည်း သူသည်သူ၏ခံစားချက်ကိုထုတ်ပြလေ့မရှိ၊အရိပ်ပမာ တိုးတိုးတိတ်တိတ်နေ၍စောင့်ရှောက်ပေးတတ်။
ယခုလည်းသူသည် မက်သရူးအားရေအရင်ချိုးခိုင်းပြီး မက်သရူးအတွက် ဝတ်ရမည့်အဝတ်အစားများကို ရှာဖွေ၍ထုတ်နေလေ၏။

''ဟျောင်း ဟန်ဘင်းဟျောင်း တဘက်မေ့နေခဲ့လို့ တဘက်လေးယူပေးပါ့လား''

''ဟာ မင်းကတော့လုပ်ပြီ စောစီးကတည်းမမေ့အောင်ယူမသွားဘူး။အလုပ်ကိုရှုပ်တယ်။
ကဲ ရော့ ..ရော့.. ရော့..''

''ဟီး ဟျောင်းကလည်းအတည်မေ့သွားတာပါ''

ပါးစပ်ကအမျိုးမျိုးဆူနေပြောနေပေမဲ့ အမှန်တစ်ကယ်တွင်မလုပ်ပေးဘဲမနေ။
ရေချိုးပြီးထွက်လာသောမက်သရူးမှ သူ့အကိုအား ချိုးလို့ရပြီဟုပြောလိုက်ပြီး ဟန်ဘင်းလည်းရေချိုးခန်းထဲသို့ဝင်သွားလေသည်။
မိနစ်နှစ်ဆယ်ကြာပြီးရေချိုးခန်းထဲမှထွက်လာသောဟန်ဘင်းအား
''ဟျောင်း ရော့ ဒီဆေးလူးလိုက်၊ဒီဆေးက ဒဏ်ကြေတယ်တဲ့။ဟျောင်းနောက်ကျောရိုက်ခံထားရတာမလား''

Black & WhiteWhere stories live. Discover now