''ဟန်ဘင်းဟျောင်း ......ဟန်ဘင်းဟျောင်း......''
အိမ်ရှေ့တံခါးဝမှအလောတကြီးအော်ခေါ်နေသော မက်သရူးအသံကြောင့် ဂျီအွန်းတစ်ယောက်ခပ်သုတ်သုတ်လေး ထွက်လာ၏။
''မက်သရူး ဘာလို့အလောက်အကျယ်ကြီးအော်ခေါ်နေရတာလဲ၊အိမ်ထဲတန်းဝင်ခဲ့ပြီးနေပြီကို''
''ဟာ ဂျီဝွန်းဟျောင်းကလည်း နာရီလည်းကြည့်လိုက်ဉီး၊ဘယ်အချိန်ရှိပြီဆိုတာကို''''ဟင် ရှစ်နာရီငါးဆယ်မိနစ်! ၊ အလောက်တောင်ရောက်သွားပြီလား''
''ဟုတ်တယ် အာ့ကြောင့်အခုလိုအော်ခေါ်နေရတာပေါ့်၊ဒါနဲ့ဟန်ဘင်းဟျောင်းကမထသေးဘူးလား?''
''အွန်းမထသေးဘူး ၊သွားနှိုးရင်နှိုးလိုက်လေ''
''ဟုတ် ဟုတ် အာ့ဆိုလည်းကျွန်တော်ကိုယ်တိုင်သွားနှိုးလိုက်တော့မယ်နော်ဂျီဝွန်းဟျောင်း''
မက်သရူးတစ်ယောက် ကျောင်းတက်ချိန်ကပ်နေပြီဖြစ်သောကြောင့် ဟန်ဘင်းရှိရာအိမ်အပေါ်သို့အမြန်ပြေးတက်သွားပြီး ဟန်ဘင်းအခန်းထဲသို့ဝင်သွားလေသည်။
အခန်းထဲသို့ရောက်သောအခါ ခုတင်ပေါ်တွင် ကလေးတစ်ယောက်လို ခြေပစ်လက်ပစ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ဟန်ဘင်းအား မြင်လိုက်သည်နှင့်တစ်ပြိုင်နက်''ဟျောင်း ဟျောင်း ဟျောင်း ဟန်ဘင်းဟျောင်းထတော့ ကျောင်းတက်ခါနီးနေပြီ။ဒီနေ့ကျောင်းနောက်ကျရင် ကျွန်တော်တို့warningထပ်ပေးခံနေရမယ်။ဟျောင်း ထတော့လို့....''
''ဟင် အွန်း အွန်း ဘယ်သူလဲ၊အာ မက်သရူး?မက်သရူးဘာလဲ အစောကြီးရှိသေးတာကို''အိပ်ချင်မူးတူးအသံနှင့် ခေါင်းကုတ်၍ပြောလိုက်သော ဟန်ဘင်းကို မက်သရူးမှ
''အွန်း ကျွန်တော်မက်သရူးဟုတ်တယ်၊အခုမြန်မြန်ရေချိုးတော့ ကျောင်းတက်ခါနီးနေပြီ။မနက်စာကိုတော့ ကျောင်းရောက်မှစားလိုက်။ကျွန်တော်လည်း အခုထိမစားရသေးဘူး။အိပ်ရာထနောက်ကျသွားလို့''
ဟန်ဘင်းလည်း မက်သရူးပြောသည့်အတိုင်း ရေကိုအလျင်အမြန်ချိုးပြီး ကျောင်းကိုနှစ်ယောက်သားတူတူသွားကြ၏။ ကျောင်းသို့သွားရာတွင် မက်သရူးနှင့်ဟန်ဘင်းအပြင် သူတို့အကိုကြီးဂျီအွန်းလည်း အတူလိုက်ပါသွားလေသည်။ဂျီအွန်းသည် မက်သရူးနှင့်ဟန်ဘင်းရဲ့ ပြဿနာများကိုဖြေရှင်းရန် လိုက်ပါသွားခြင်းဖြစ်၏။
ကျောင်းသို့အရောက်တွင် မက်သရူးကဂျီအွန်းအား