Part 7

553 60 6
                                    

ဆေးရုံရဲ့ အရေးပေါ်  secret app ထဲမှာ ဆေးရုံထဲက လူတွေရဲ့ profile တွေကို အရောင်နောက်ခံနဲ့ ပြပေးထားတယ်။

"အစိမ်းရောင်နောက်ခံက ကျန်းမာတဲ့သူ ဟျောင်း။ အဝါရောင်က စတင် ကူးစက်ခံ။ စကူးတာနဲ့ ခုခံအားစနစ်အရ ခုခံသူ၊ ဖြန်ဖြူးသူ၊ လက်ခံသူဆိုပြီး ကွဲသွားမှာ ဟျောင်း။ ခုခံသူဆိုရင် အဝါရောင် အဆင့်မှာပဲ ပြီးသွားမှာ။ ဖြန်ဖြူးသူဆိုရင် လိမ္မော်ရောင့်အဆင့်ထိ ရောက်မရောက် စောင့်ကြည့်ရမှာဟျောင်း။ လက်ခံသူကတော့ လိမ္မော်ရောင်ကနေ အနီရောင်ပြောင်းမှာ။ အနီရောက်က နောက်ဆုံးအခြေအနေဟျောင်း။ အနီကနေ အနက်(သေဆုံး) အခြေအနေအတွက် ဆယ်ရက်ပဲကြာမှာလို့ သုတေသနဘက်က ပြောထားတယ်"

ယူဂျင်းက အရှည်ကြီး ရှင်းပြထားတဲ့အပြင် ဆော့မက်သရူးဆိုတဲ့ နာမည်က အစိမ်းရောင် နောက်ခံမို့ ဟန်ဘင်း နည်းနည်းတော့ ရင်အေးရသလို။

နေ့လည်းနေ့မို့။ ညလည်း ညမို့ ဟန်ဘင်း ဆေးရုံ app ထဲပဲ မလွတ်တန်းကြည့်နေတုန်းမှာပင် မက်သရူး profile က အဝါရောင် ပြောင်းသွားတာမို့ ဟန်ဘင်း နေစရာမြေမရှိတော့။

ခုခံသူဖြစ်ပါစေဆိုတဲ့ ဆုတောင်းကလည်း ဟန်ဘင်းကို ခဏတောင် စိတ်အေးအောင် မစွမ်းနိုင်တဲ့အပြင် လိမ္မော်ရောင်ကာလာအထိ ပြောင်းသွားကာ။ ရှိသမျှသက်ဆိုင်ရာကို complain တက်ပြီး ဆေးရုံထဲသာ ဟန်ဘင်း၀င်ဖို့ ခွင့်တောင်းတယ်။ မက်ချူးလေး ဘယ်လောက်တောင် အားငယ်ပြီး ကြောက်နေရှာမလဲ။

ဟန်ဘင်း ဆမ်ချွန်းအိမ်ကို ခဏသွားပြီး ဆေးရုံထဲ ၀င်ရရေးအတွက် မက်သရူးဖေဖေကနေ တောင်းဆိုပေးဖို့ သွားပြောတော့ ဆမ်းချွန်းဆက်သွယ်နေတဲ့ အချိန်ခဏလေးအတွင်းမှာ မက်သရူး အခန်းထဲ ၀င်ကြည့်မိတယ်။ ဒီအခန်းလေးက ဟန်ဘင်းတို့အတွက် အမှတ်တရတွေ အများဆုံးရှိခဲ့တဲ့နေရာလေးမလား။ အရာမယွင်းတဲ့ အခန်းလေးထဲမှာ ရေးလက်စ မက်သရူးဒိုင်ယာရီလေးကို လှန်လိုက်တော့

"ဟျောင်း ဘာလို့ ချစ်တယ်လို့ မပြောခဲ့တာလဲဆိုတာ နားလည်ပြီ"

ဆိုတဲ့ စာကြောင်းလေးကြောင့်။ ပိုးပိုးပေါက်ပေါက်ကျလာရတဲ့ မျက်ရည်တွေ။

Dear my boyWhere stories live. Discover now