အခန်းထဲကို ဟျောင်း၀င်လာပြီး မက်သရူးကို ပွေ့ရမ်းရင်း
"ဟောက်ဟျောင်းက ဟျောင်းကို ချစ်တယ်တဲ့ မက်သရူးရ ဘေဘီမက်ချူးလေးရေ့ ဟျောင်း ပျော်တာ သေတော့မယ်သိလား။ ခုထိ ရင်ခုန်နေတုန်း နားထောင်ကြည့်"
မက်သရူးခေါင်းကို သူ့ရင်ဘတ်နဲ့ ကပ်ပြီးနားထောင်းခိုင်းတာမို့ ခိုးငိုတဲ့ မျက်ရည်ကို အပြင်မထွက်အောင် ထိန်းရင်
"ဟျောင်း ပျော်ရင် ရပြီ"
"ပျော်တာပေါ့ မက်သရူးရ။ အရမ်းပျော်။ မက်သရူးလည်း အချစ်နဲ့တွေ့လို့ ပျော်ရတဲ့အခါ သိလိမ့်မယ်"
မက်သရူးအိပ်ရာပေါ်မှာ ပက်လက်လှန်ပြီး လက်နှစ်ဖက် ရင်ဘက်ပေါ်တင်ကာ ကြည်နူးနေတဲ့ ဟျောင်း
"ကျွန်တော်က အချစ်ကို ဟျောင်းထက် အရင်သိတာပေါ့။ ထပ်တူမကျခဲ့တာပဲရှိတာ"
ဆိုတာကို ဟျောင်းမသိတာပဲဖြစ်ဖြစ် မသိချင်ယောင်ဆောင်တာပဲဖြစ်ဖြစ် ကျွန်တော့်ဘက်ကလည်း ပြည်ဖုံးကား ချပြီး နေလိုက်တော့မယ်ဟျောင်း။
မက်သရူးကသာ နာကျင်နေရပေမယ့် ဟျောင်း အလိုက်မသိမှု့ကတော့ တစ်သိန်းထက်မက ရှိပုံပင်။
"မက်သရူး ဖန်ပြွန်သန္ဓေကလေ "
ဆိုတာ အစချီပြီး ဟောက်ဟျောင်း နဲ့ သူတို့နှစ်ယောက် ရင်သွေးလေး လိုချင်တဲ့ အကြောင်း။ ဘယ်သူ့ရင်သွေးလည်းဆိုတာ မသိချင်လို sperm ပဲ ပေးထာရင် ရလားဆိုတာ တစ်ဖုံ။ အတူနေဖို့ တိုက်ခန်းရှာနေတယ်ဆိုတာအထိ မက်သရူးအနားပဲ လာတိုင်ပင်နေတယ်။
ဟျောင်းက အနာဂတ်ကို အစီစဉ်တကျတွေးပြီး ပျော်နေတုန်းမှာပဲ ဟောက်ဟျောင်းက တရုတ်ကို ပြန်သွားရဖို့ ဖြစ်လာတယ်။ ဟောက်ဟျောင်း ပြန်သွားတဲ့ ရက်တွေမှာ
"ဟောက်ဟျောင်းကို လွမ်းလို့သေတော့မယ် ဆော့မက်သရူးရေ့"
ဆိုပြီး မက်သရူးကို ဖက်ပြီး ငိုခဲ့တာတွေလည်းရှိတယ်။
မနက်အစောကြီး ဟျောင်းက မျက်လုံးတွေ မို့အစ်နေအောက် ငိုထားပြီးတော့ မက်သရူးအခန်းထဲရောက်လာတာမို့
YOU ARE READING
Dear my boy
Fanficကျွန်တော့် FB acc မှာ ချစ်စရာကောင်းတဲ့ ညီမလေးက binthew ရေးပေးဆိုပြီး ပြောတော့ သူက ချစ်ဖို့ကောင်းတာနဲ့ မငြင်းနိုင်ဘဲ ရေးဖြစ်သွားတဲ့ fic မို့ သဘောကျပြီး ဖတ်ပေးရင် ကောင်းမှာပါ။