Ricky ရဲ့ မွေးနေ့မို့ ဂျယ်ဂျူဒိုကို လိုက်ပို့မယ်ဆိုတော့ မက်သရူးက ဟျောင်းကိုလည်း ခေါ်လာမယ်လို့ ပြောတော့ Ricky ကပါ သူတစ်ယောက်တည်း ပျင်းရမှာ ကြောက်တာနဲ့
“အဲ့ဒါဆို ငါလည်း ဟောက်ဟျောင်းကို မေးကြည့်ဦးမယ်။ မက်သရူးဟျောင်းက အနုပညာ တက္ကသိုလ် အဆိုအတန်းကနော်”
“အင်း ဘာလို့လဲ”
“ဟောက်ဟျောင်းကလည်း အနုပညာတက္ကသိုလ်မှာ ဂီတမေဂျာသင်နေတာ။ ကျောင်းပြီးရင်တော့ တရုတ်ပြန်မှာလေ”
“ကောင်းတာပေါ့ သူ့ကိုခေါ်ခဲ့ရင် မပျင်းရတော့တာပေါ့။ သူပါရင် သူက တီးပြီး ဟျောင်းကို သီချင်းဆိုခိုင်းလို့ရတယ်။ ငါ့ဟျောင်းက သီချင်းဆို ရှယ်မိုက်တာ”
“အေးပါ မင်းဟျောင်းပါ။ ငါလုလိုက်ရမလား”
Ricky က စတော့ မက်သရူး ရယ်နိုင်သေးတယ်။ ငါ့ဟျောင်းကို ငါပဲပိုင်တာဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ပေါ့။ အဲ့ဒီယုံကြည်ချက်က ကျန်းဟောက်ဟျောင်းနဲ့ ဟျောင်းကို မတွေ့ပေးခင်ကအထိပဲဖြစ်ကာ။
ကျန်းဟောက်ဟျောင်းက ကျောင်းမှာ King ပါလို့ ဂုဏ်တက်နေတဲ့ မက်သရူးနဲ့ ယူဂျင်း မနာလိုချင်လောက်အောင်ကို ချောတဲ့သူပင်။ အနေအေးသလို စကားနည်းသူမို့ မက်သရူးတို့က ခဏခဏ ဂရုစိုက်ပေးရတယ်။ ဂရုစိုက်အပေးဆုံး သူကတော့ ဟျောင်းပင်။ ဟျောင်းက လူတွေကို ကြင်နာတတ်တော့ ဟင့်အင်း ကြင်နာတတ်လို့ ဂရုစိုက်ပေးနေတာပါလို့ ဇွတ်ပြောချင်ပေမယ့် ပိုတယ်ဆိုတာ မက်သရူး လက်ခံလိုက်ရတယ်။
ညဘက်အတူတူသောက်ကြရင်း ကျန်းဟောက်ဟျောင်းက ဂစ်တာတီးပေးပြီး ဟျောင်းက သီချင်းဆိုတဲ့ အခါ ဆိုတဲ့ သီချင်းသံက မက်သရူးအတွက် မဟုတ်ဘူး။ ကျန်ဟောက်ဟျောင်းကို ကြည့်တဲ့ ဟျောင်း အကြည့်မှာ လိုတာထက်ပို နူးညံ့တယ်ဆိုတာ မက်သရူး သိလိုက်တဲ့ အချိန် တဖတ်သတ်အချစ်က တကယ်တဖတ်သတ်အချစ်ပဲဆိုတာ မက်သရူး နာနာကျင်ကျင်လက်ခံလိုက်ရတယ်။
ပျော်နေကြတဲ့ အပျော်တွေ မက်သရူးကြောင့် အနှောင့်အယှက်မဖြစ်စေချင်လို့ တိတ်တိတ်လေး ထွက်လာခဲ့တော့ ဂယူဘင်းက နောက်ပါးဆီက ကပ်ပါလာကာ
YOU ARE READING
Dear my boy
Fiksi Penggemarကျွန်တော့် FB acc မှာ ချစ်စရာကောင်းတဲ့ ညီမလေးက binthew ရေးပေးဆိုပြီး ပြောတော့ သူက ချစ်ဖို့ကောင်းတာနဲ့ မငြင်းနိုင်ဘဲ ရေးဖြစ်သွားတဲ့ fic မို့ သဘောကျပြီး ဖတ်ပေးရင် ကောင်းမှာပါ။