My Lovely Bloodsucker

6.7K 380 2
                                    

#My_Lovely_Bloodsucker
#krisyeol
#part_1

ကျွန်တော်...Park Chanyeol... အသက်ဆက်ရှင်ဖို့ ဖနောင့်နဲ့ တင်ပါး တစ်သားတည်း ကျအောင်ပြေးနေရတယ်။
ဘာကြောင့်ပြေးနေရတာလဲလို့ ခင်ဗျားတို့သိချင်ကြမှာပေါ့...
ကျွန်-ကျွန်တော့်နောက်ကို vampire တစ်ကောင်လိုက်လာတယ်ဗျ!!!ခင်ဗျားတို့မယုံနိုင်ဘူးဆိုတာသိပါတယ်...ဒါပေမယ့် တကယ့် vampire စစ်စစ်ပါဗျာ......
ကျွန်တော် နောက်လှည့်ကြည့်လိုက်တော့ ဘာမှမမြင်ရပေမယ့် မျက်လုံးနီနီ ကြီးတွေက ညအမှောင်ထဲမှာထင်းလို့...
ကျွန်တော်သေရတော့မယ်...ကျွန်တော့်သွေးတွေကိုသူစုပ်ယူတော့မယ်......အခုနေကျွန်တော့်ကိုတစ်ယောက်ယောက်လာကယ်ရင်ကောင်းမယ်......ကျွန်တော်မသေချင်သေးလို့ပါ...
ကျွန်တော် လမ်းကြိုလမ်းကြားလေးတွေထဲပါ ဝင်ပြေးရင်း ပြေးရင်းနဲ့ တစ်နေရာရောက်တော့ ကျွန်တော့်ရှေ့မှာတွေ့လိုက်ရတာက......
နံရံကြီး!!
uh_oh......ကျွန်တော်နောက်လှည့်ပြေးဖို့လုပ်ပေမယ့်လည်း နောက်ကျသွားခဲ့ပါပြီ...သွေးစုပ်ကောင်ကြီးက သူ့အစွယ်ဖြူဖြူကြီးတွေကို ဖြီးပြနေပြီး ကျွန်တော့်နား တဖြေးဖြေး တိုးကပ်လာခဲ့ပြီ...ဟင့်အင်း...ဟင့်အင်း...ကျွန်တော်မသေချင်သေးဘူး...ကျွန်တော် တက္ကသိုလ် တက်ချင်သေးတယ်...ကျွန်-ကျွန်တော် ကောင်မလေးတွေနဲ့လည်း တွဲ ချင်သေးတယ်...ဇနီးချောချောလေးနဲ့အတူ ကလေးတွေတစ်ပြုံကြီးယူချင်သေးတယ်...ကျွန်တော် လုပ်ချင်တာတွေကအများကြီးရှိသေးတယ်...အခုကျွန်တော်မသေပါရစေနဲ့...

ကျွန်တော် စိတ်ထဲမှာ အများကြီး ပြောနေပေမယ့် တကယ်တမ်းမှာတော့ ပါးစပ်က တစ်လုံးမှထွက်မလာ......
ကျွန်တော် နောက်ကိုဆုတ်ရင်း ဆုတ်ရင်းနဲ့ နံရံ ကိုသွားတိုက်မိတယ်...oh shit!!!

"ကျွန်-ကျွန်တော့် ...န-နား...ကို...တ-တိုး မလာနဲ့နော်။ခင်ဗျားကို ကျွန်တော်...သ-သတ်...ပစ်မှာနော်"

ကျွန်တော် အထစ်ထစ်အငေါ့ငေါ့ နဲ့ ပြောလိုက်ပေမယ့် သူ့ကြည့်ရတာ မကြားသလိုပုံစံနဲ့ ကျွန်တော့်နား တိုးကပ်လာတယ်။

ဘာလား...သူကျွန်တော်ပြောတာကိုနားမလည်တာလား?သူကျွန်တော့်ကိုမသတ်အောင်ဘယ်လိုလုပ်ရမလဲ?ဘယ်လိုလုပ်ရမလဲ????

My Lovely BloodsuckerWhere stories live. Discover now