My Lovely Bloodsucker {ep 4}
Krisyeolကျွန်တော် ရဲတိုက်အပေါ်ဆုံးထပ်ကနေ အောက်က စိမ်းစိုနေတဲ့ သစ်တောကြီးကို ငုံ့ကြည့် ရင်း စဉ်းစားနေမိတယ်။ ကျွန်တော် Kris တို့နဲ့ နေလာတာ ခုဆို သုံးလရှိပါပြီ…
သုံးလအတွင်းမှာ Kris ဆိုတဲ့ vampire ရဲ့ စရိုက် အပြုအမူတွေ ကိုလည်း ပိုပြီး သိလာရတယ်…
vampire သာဆိုတာပါ…သွေားသောက်တတ်တာကလွဲပြီး တကယ့် ကလေးဆိုးကြီးအတိုင်းပါပဲ…
ကျွန်တော်စဉ်စားနေမိတယ်…ဒီကို အစေခံလုပ်ဖို့ရောက်လာတာလား ကလေးထိန်းဖို့များရောက်လာတာလားလို့…
ဒါပေမယ့် သူ့ဆီမှာ ကျွန်တော် မသိသေးတဲ့ အကြောင်းတွေရှိသေးတယ်ဆိုတာ ကျွန်တော် အလိုလို ခံစားနေရတယ်…
ထားလိုက်ပါ…သူက ကျွန်တော့်ရဲ့ သခင်ပဲ…
ကျွန်တော့်ကို သူ့အကြောင်း ပြောပြစရာမှမလိုတာ…ကျွန်တော် ပထမ ဒီကို စရောက်ရောက် ချင်း သူ့ရဲ့ သဝန်တိုမှု, ဂရုစိုက်မှုတွေကြောင့် အရမ်းစိတ်ညစ်ခဲ့ရပေမယ့် အခုတော့ ဒီစိတ်ညစ်ရတဲ့ ခံစားချက်လေးကိုပဲ စွဲမက်နေမိသလိုပဲ……
"hmmmmm…"
ကျွန်တော် သက်ပြင်းကိုချရင်း အဝေးကကောင်းပြင်ပြာကိုငေးမောကြည့်နေမိပြန်တယ်…
အမှန်အတိုင်းပြောရရင် တစ်ခါတစ်လေတော့လည်း ကျွန်တော့်အရင်ကျောင်းသားဘဝကိုသတိရမိသား…တကယ်တော့ ကျွန်တော်က ကျောင်းတောင်မပြီးသေးပါဘူး ကျွန်တော်က High School ရဲ့ Senior ကျောင်းသားပါ
ဒါပေမယ့် ကျွန်တော် သုံးလလုံးလုံးပျောက်နေတာ ဘယ်သူမှလည်းသတိထားမိမယ်မထင်ပေါင်…ဟုတ်တယ်လေ…ကျောင်းမှာကလည်းကျွန်တော့်ကိုလာပေါင်းမယ့်သူငယ်ချင်းတစ်ယောက်တောင်ရှိတာမဟုတ်. မိဘမရှိဘဲ တစ်ယောက်တည်း အလုပ်လုပ်ရင်း ကျောင်းတက်နေရတဲ့ကျွန်တော့်ကို ဘယ်သူမှ အဖက်လုပ်တဲ့သူမရှိဘူးလေ.ထိုအချိန်မှာပဲ နောက်ကနေ တစ်စုံတစ်ယောက် ကျွန်တော့်ခါးကို တင်းကျပ်နေအောင်သိမ်းကျုံးဖက်လိုက်ပြီး သူ့ခေါင်းကို ကျွန်တော့်ပုခုံးပေါ်မှေးတင်ထားလိုက်တာကိုခံစားလိုက်ရတယ်…
"Babe, ဘာတွေတွေးနေတာလဲ?"
ကျွန်တော် ခါးကိုအတင်းဖက်ထားတဲ့ သူ့လက်နှစ်ဖက်ကို အတင်းဆွဲဖြုတ်လိုက်ရင်း သူနဲ့ မျက်နှာချင်းဆိုင် ဖြစ်အောင် လှည့်လိုက်တယ်…