My Lovely Bloodsucker [6]

3K 338 37
                                    


"နင့်ကြောင့် Kris က ငါတို့ဘက်ကို ပြန်မလာတာ…နင့်ကြောင့် Kris က ငါတို့ကို စွန့်ခွာသွားတာ…နင့်ကြောင့် Kris က ငါ့ဘက်ကို တစ်ချက်ကလေးမှ  လှည့်မကြည့်တာ!!"

ကျွန်တော် သူမ လက်ကို အားကုန်သုံးပြီး ပုတ်ထုတ်နေမိပေမယ့် သူမက vampire အားနဲ့ဆိုတော့ ကျွန်တော် ဘယ်လိုမှရုန်းလို့မရ။
Chen ကလည်း အခုထိ ထွက်မလာသေးဘူး။

Kris…KRISSSSS!!!!!ငါ-ငါ့ကို အမြန်ဆုံးလာကယ်ပေးပါ!!

ထို့နောက် ကျွန်တော့်မျက်လုံးတို့ မှုန်ဝါးဝါးဖြစ်လာကာ သူမလက်ကို တွန်းဖယ်နေသည့်လက်တို့ကလည်း တဖြေးဖြေး အားကလျော့ကျလာသည်။ထိုအချိန်မှာပဲ နံရံမှာကပ်လျက်သားဖြစ်နေတဲ့ ကျွန်တော့်ကိုယ် မြေပေါ်ပုံခနဲကျသွားကာ သူမ ကို တစ်စုံတစ်ယောက်က တွန်းဖယ်လိုက်တာကို ခံစားလိုက်ရတယ်။ကျွန်တော့်ကို  ဘယ်သူလာကယ်တာလဲ လို့ အားတင်းပြီးကြည့်လိုက်ပေမယ့် မျက်ခွံတို့က ကျဆင်းလာလေသည်။

"မင်းကများ ငါ့ chanyeol ကို ထိရဲတယ်ပေါ့!!!!"

ကျွန်တော် Kris အသံကို ကြားလိုက်ရတာမို့ ချိနဲ့နေတဲ့ အပြုံးတစ်ခုကို ကြိုးစား ပြုံးလိုက် မိ ရင်း အမှောင် ကမ္ဘာကြီးထဲသို့ ခေတ္တခဏ ရောက်သွားလေတော့သည်………………

xXXx

ဖြာကျလာတဲ့ နံနက်ခင်း နေရောင်ခြည်အချို့နဲ့ အတူ ကျေးငှက်ကလေးတို့ရဲ့ တကျိကျိ မြည်သံတို့ကြောင့် ကျွန်တော် အိပ်နေရာကနေ နိုးထလာမိတယ်…
မျက်လုံးဖွင့်ဖွင့်ချင်း ကျွန်တော်သေခါနီးဆဲဆဲဖြစ်ခဲ့တဲ့ အဖြစ်အပျက်က ရုတ်တရက် ခေါင်းထဲ ဝင်လာတာကြောင့်  ချက်ချင်းထထိုင်လိုက်ကာ ဘေးဘီ ဝေ့ကြည့်လိုက်တော့ မည်းမှောင်တဲ့အုတ်နံရံတို့နဲ့ကာရံထားတဲ့ ရဲတိုက်ပေါ်က ကျွန်တော့် အိပ်ခန်းထဲပြန်ရောက်နေတာကို တွေ့လိုက်ရလေရဲ့……
ကျွန်တော် ဘယ်လို ဒီပြန်ရောက်နေတာလဲ?
ကျွန်တော် မေ့မြောနေတာ ဘယ်နှစ်နာရီရှိပြီလဲ??
ဟို vampire ကကော?
ကျွန်တော်မေ့လဲပြီးတော့ သူမ ဘာဆက်ဖြစ်သွားလဲ????
မေးခွန်းပေါင်းစုံတို့က ကျွန်တော့်ခေါင်းထဲ တန်းစီလို့ ဝင်လာလေတယ်…
နေပါဦးးးးးးးးးးကျွန်တော်သတိမမေ့ခင်က Kris အသံကြားလိုက်……
Shit!!! KRIS!! Kris ဘာဖြစ်သွားလဲမသိဘူး!

You've reached the end of published parts.

⏰ Last updated: Feb 07, 2016 ⏰

Add this story to your Library to get notified about new parts!

My Lovely BloodsuckerWhere stories live. Discover now