ကားလေးသည်တရွေ့ရွေ့ဖြင့် မြတ်၏ကမ္ဘာငယ်လေးထံသို့ ထပ်မံရောက်ရှိသွား၏၊ ပထမအကြိမ်လာတုန်းကပင် ညနေမှောင်ရီပျိုးချိန်ဖြစ်ပေမဲ့ ယခုဒုတိယအခေါက်တွင်မူ နေထွက်စအလင်းရောင်ဖြော့ဖြော့သာရှိသည့် မနက်ခင်းအချိန်ဖြစ်၏၊ အရာရာဟာပုံမှန်ပါပဲ့၊ တစ်ခုပြောင်းလဲသွားသည်ကားအရင်ကတစ်ယောက်ထဲအမြဲလာတတ်သည့်မြတ်သည်..ယခုမူချစ်ရသူလက်လေးအားတွဲကာကြည်နူခြင်းများစွာနဲ့ပေါ့။"ရောက်ပြီငယ်"
"ဒါဒုတိယအကြိမ်ပဲ့"
ကားပေါ်မှဆင်းသည်နှင့် နံနက်ခင်းရဲ့အလှကိုတဝကြီးခံစားပြီးလေကိုရှိုက်သွင်းလိုက်သောထွေးငယ်၊ ထိုနောက်မြတ်၏လက်အားတွဲကာထိုင်ခုံလေးရှိရာသို့
"မနေ့ကမိုးလဲမရွာပါပဲနဲ့ စိုနေတယ်ရော"
စိုစွတ်နေသော ထိုင်ခုံလေးအားကြည့်၍ ထွေးငယ်ရေရွတ်မိသည်၊ ပြီးနောက်ပိုက်ဆံအိပ်ထဲမှ တစ်ရှူးတစ်ရွက်အားယူထုတ်လိုက်ကာရေစက်ကလေးများအားသုတ်လိုက်ပြီး မြတ်အားထိုင်စေသည်
"သခင်မလေး ထိုင်လို့ရပါပြီရှင့်"
"အဟွန်း သခင်မလေးတောင်ဖြစ်သွားတယ်ပေါ့လေ"
ပါးစပ်ကိုလက်ဖြင့်အသာအုပ်ရီ၍ဆိုလေသည်
"ဒါပေါ့မြတ်ကထွေးငယ်ရဲ့သခင်မလေး"
"ဟုတ်ပါပြီကွယ်၊ ကဲနှမတော်ကျွန်နော်မျိုးမရဲ့ဘေးဝယ် လာထိုင်ပါလော့"
"အမိန့်တော်အတိုင်းပါသခင်မလေး၊ ဟီးဟီး"
ရယ်ကြဲကြဲလေးဖြင့်မြတ်၏ရင်ခွင်ထဲဝယ်တိုးဝှေ့လာသောငယ်၊ မြတ်ရဲ့ငယ်..ထွေးငယ်..ကလေးငယ်..မြတ်ချစ်ရတဲ့ငယ် နှစ်ယောက်မရှိနိုင်တော့သည့် ငယ်။
"ငယ်.."
"ရှင့်..."
"ယုံပြီလားအခု မြတ်ငယ့်ကိုဘယ်လောက်ထိချစ်လဲဆိုတာ"
"တောင်းပန်ပါတယ်နော် တစ်ဖက်သက်စွဲချက်တွေနဲ့ အမုန်းကြီးမုန်းနေခဲ့မိတဲ့အတွက် ။ နှစ်နှစ်တာ ကာလပတ်လုံးမှားခဲ့မိတဲ့ အမုန်းအမှားတွေကို အချစ်တွေနဲ့ပြန်လှည်ချေပ ခွင့်ပြုပါ'မ။ ချစ်ခြင်းအစ မုန်းခြင်းကတဲ့ ငယ္က'မကိုမုန်းနေရင်းနဲ့ပဲ့ ချစ်မှန်းမသိချစ်နေခဲ့မိတာပါ၊ အခုအရာရာကို သင်ပုန်းချေပြီး အစကနေပြန်စကြမယ်လေနော် ... အစကနေပြန်ချစ်ကြမယ်"
YOU ARE READING
"မာယာ ကျော့ကွင်း"
Action~~ခင်..တဲ့ ခင်ဆိုတဲ့ အမျိုးသမီးတွေတိုင်းဟာလေ အမျိုးသမီးတစ်ယောက်ကိုသာ ချစ်မြတ်နိုးလို့ရသတဲ့လား။ ထပ်တူကျတဲ့ နှလုံးသားတစ်စုံဟာ မိန်းခလေးတစ်ဦး အတွက်သာ သတ်မှတ်ထားသတဲ့လား။ ဒါမှမဟုတ် ခင်အိမ်တော်ကြီးဟာ ကျိန်စာများသင့်နေလေသလား~~ ~~ခင္..တဲ့ ခင္ဆိုတဲ့ အမ်ိဳးသမ...