(မြတ်နှင့်ထွေးငယ်ရဲ့ အချစ်ခန်းသီးသန့်ပါ) အဆင်ပြေမှဖတ်ကြပါရန်...🔞ကုတင်အကြီးကြီးထက်ဝယ် အိပ်မောကျနေသည့်မြတ်၏ခလေးငယ်လေး ပါးကလေးနှစ်ဖက်ဖောင်းလို့ ဖျစ်ညစ်ပစ်ချင်စရာ...
"ခလေးငယ်.."
မနက်ခင်အိပ်ရာနိုးသည်နှင့် ချစ်ရသူ၏ခေါ်သံလေး.. တစ်ကယ်ကိုအချိုမြိန်ဆုံးသောအရာ။ ကြည်နူးဖို့ကောင်းတဲ့မနက်ခင်းလေး..။
"ခလေးငယ်ရေ.. လို့"
"အွန်.. ဘာတုန်း ဘာတုန်း ဇွတ်ခေါ်နေတော့တာပဲ့"
စောင်အထူကြီးအားလှမ်းဆွဲခြုံလိုက်ပြီး မြတ်ရင်ခွင်ထဲသို့တိုးဝင်နေသည့် ထွေးငယ်
"မထချင်သေးဘူး.. "
"ဒါဆိုချစ်ကြမလား..."
"ဟာ.. ဒီမိန်းမကြီး ဘာတွေပြောနေပြန်တာလဲ"
မြတ်စကားကြောင့် ရှက်ကာမြတ်ရင်ဖတ်အားမျက်နှာအပ်ထားသည့်ခလေးငယ်။ အသက်တမျှချစ်ရပါသော အမျိုးသမီးငယ်.. အရာအရာကိုစတေးပြီး ရရှိလာခဲ့တဲ့ဆုလဒ်ကလေး။
"ခလေးလေး.."
"ရှင်..."
"မြတ်ကိုချစ်တယ်မလား.."
"ချစ်တာပေါ့.. "
"ချစ်ရင်မဖောက်ပြန်ရဘူးနော်.. မြတ်ကဖောက်ပြန်ရင်အရမ်းမုန်းတာ"
"ဖောက်ပြန်ဖို့နေနေသာသာ ရှိနေတဲ့ဒီမိန်းမကြီးကိုတောင် ဘယ်နားထားရမှန်းမသိတာ"
"ရှုတ်နေရင်ခွေးကြွေးလိုက်လေ..."
မြတ်ပြောစကားကြောင့် မျက်လုံးလေးမှေးစဉ်တဲ့အထိ ပြုံးလိုက်ကာ..
"ခွေးကြွေးမယ်ဆိုရင်လေ ဟောဒီကဇင်မာထွေးဆိုတဲ့ ခွေးမကိုပဲ့ကြွေးလိုက်မယ် သိလား.."
"ဟောရှင်..."
"ဟီးဟီး.."
သွားသေးသေးလေးများပေါ်သည်အထိ သဘောကျစွာပြုံးရီနေသည့် မြတ်ရဲ့ခလေးလေး..။ စိတ်ရှိတိုင်းသာ ချစ်ပစ်လိုက်ရရင်တော့ဖြင့်..
"ခေလး.. မ မေးစရာရှိတယ်"
"မေးလေ.. မရဲ့"
"မောင့်...အဲ ခလေးရဲ့ညီမ လဝန်းမောင်မှာ မိန်းခလေးအသိတွေဘာတွေများရှိလား"
YOU ARE READING
"မာယာ ကျော့ကွင်း"
Action~~ခင်..တဲ့ ခင်ဆိုတဲ့ အမျိုးသမီးတွေတိုင်းဟာလေ အမျိုးသမီးတစ်ယောက်ကိုသာ ချစ်မြတ်နိုးလို့ရသတဲ့လား။ ထပ်တူကျတဲ့ နှလုံးသားတစ်စုံဟာ မိန်းခလေးတစ်ဦး အတွက်သာ သတ်မှတ်ထားသတဲ့လား။ ဒါမှမဟုတ် ခင်အိမ်တော်ကြီးဟာ ကျိန်စာများသင့်နေလေသလား~~ ~~ခင္..တဲ့ ခင္ဆိုတဲ့ အမ်ိဳးသမ...