အပိုင်း၁၂ (u/z)🌷

2.1K 87 1
                                    


သာယာလှပတဲ့ မနက်ခင်းတခု၌ ကြက်တွန်သံနှင့်အတူ ထွေးငယ်တစ်ယောက် မြတ်ရင်ခွင်ထဲ၌နိုးထလာခဲ့သည်။ မြတ်ကတော့ အိမ်မောကျနေသည်ဟုထင်သည်။ ထွေးငယ်သည်လဲ ချက်ချင်းမထသေးဘဲ မြတ်၏ဖောင်းအိနေသော ပါးပြင်အား ဆွဲလိုက်၊တို့လိုက် ဖြင့်လုပ်နေလေသည် ပါးစပ်ကလဲ *တော်တော် ချစ်ဖို့ကောင်းတဲ့ မိန်းမကြီးပဲ့* ဟု ရွတ်ဆိုလိုက်မိသည်။ ထိုအသံအား ကြားတော့နိုးနေနှင့်ပြီးဖြစ်သော မြတ်တစ်ယောက် လှုပ်လှုပ်ရွရွ ဖြစ်လာသည်မို့ ထွေးငယ်အမြန်ပင် မျက်လုံးကိုမှိတ်ကာ အိပ်ချင်ဟန်ဆောင် လိုက်လေသည်။ မြတ်လဲ အိပ်ချင်ဟန်ဆောင်နေသည့် ထွေးငယ်အား စခြင်လာသောကြောင့်

"ဒီလို အိပ်ပုပ်ကြီးနေတဲ့ အခါကြပြန်တော့ ဝက်ပုပ်လေးက တယ်လဲ ချစ်ဖို့ကောင်းသကိုး"
ထိုစကားကြောင့် ထွေးငယ်မျက်လုံး မှိတ်ထားလျှက် မျက်ခုံးများ တွံ့ချိုးမိလိုက်၏

"ကဲ နိုးနေရင်လဲထတော့ မျက်မှောင်ကြီး ကျုံ့မနေနဲ့ ချစ်ဖို့မကောင်းဘူး ဝက်ပုပ်လေးရဲ့"
ထိုအခါမှ ထွေးငယ်မျက်လုံးများ ပွင့်လာကာ အလိုမကျဟန်ဖြင့်

"ဘာကို ဝက်ပုပ်လေးလဲ လူကိုများ ဟွန်းနော်"

"မသိဘူးလေ ငယ်အိပ်နေတာ နှုပ်ခမ်းလေးထော်ပြီး ဘဲနှုပ်သီးလေ ကျနေတာပဲ့ကွယ်"

"ဟာ"

"ဟုတ်တယ် ဟုတ်တယ် ဝက်ပုပ်လေး မဟုတ်ဘူး ဘဲနှုပ်သီးနဲ့ဆိုတော့ ဘဲပေါက်လေးပေါ့ အဟွန်း"

"ဟာ မဟုတ်ပါဘူးဆိုကွာ မမနော်"
ရင်ခွင်ထဲမှနေ၍ မြတ်၏ရင်ဖတ်ကို ဖွဖွထုကာ မျက်နှာလေးမှာတော့ နီရဲလျှက်ပင်

"အို နားရွက်တွေကော ပါးတွေပါနီကုန်ပါပေါ့လား။ ရှက်နေတာလား ဒါက၊ မြတ်ရဲ့ငယ်လေးက ရှက်နေတာလား အဟွန်း"
မြတ်တစ်ယောက် သူ့စကားကိုယ် သူသဘောကြကာ ကြိတ်ရီနေလေရဲ့

"ဟာမ မဟုတ်ပါဘူး။ နားရွက်တွေနီတာက ပူလို့ ဟုတ်တယ် ပူလို့နီလာတာ"

"သေချာလို့လားကွယ်..."

"ဟုတ်ပါတယ်ဆိုကွာ တော်ပြီမျက်နှာသွားသစ်တော့ အာ့...."
ပြော၍ရင်ခွင်ထဲမှထွက်ကာ ကုတင်ပေါ်မှအဆင်း ကျမ်းနဲ့ခြေထိလိုက်သည်နှင့် မနေ့ကခြေခေါက်ထားသော ဒဏ်ကြောင့် ဒဏ်ရာကမဆို စလောက်လေးပေမဲ့ ဆစ်ကနဲနာကြင်မှုကို ခံစားလိုက်ရသည်ဒါကြောင့် ကုတင်ပေါ်ဖင်ထိုင်လျက် ပြန်ကျလာလေသည်

"မာယာ ကျော့ကွင်း" Where stories live. Discover now