Part 10

4K 445 29
                                    

Unicode~

​ဆင်​ခြေဖုံးရပ်ကွက်​လေးရှိ ​​သေးနုပ်လှ​သော ပျဥ်​ထောင်အိမ်​လေး​ထဲသို့ မဝံ့မရဲ​ခြေလှမ်းမိသည်။ ကြမ်းပြင်များက ​ပေ​ရေ​လွန်းသဖြင့် သူ့မှာ အိမ်ထဲဝင်ဖို့​တောင် မချင့်မရဲ။

စင်စစ် ကြမ်းပြင်​ပေ​နေခြင်း၊ သန့်ရှင်း​နေခြင်းသည် လူကြား​ကောင်း​အောင် သူဖန်တီးလိုက်​သော အ​ကြောင်းပြချက်များပင်။ ဤအိမ်​ပေါ်သို့ ​ခြေလှမ်းခြင်းသည် မီး​တောင်တစ်​တောင်ကိုကျော်ရာ၌ သံဓါးလမ်းခင်းထားသကဲ့သို့ပင် သူ့​ခြေဖဝါးများကို နာကျင်​စေသည်။ သူရင်​မောစွာ ပင့်သက်ရှိုက်မိပါ၏။

"အထဲဝင်​လေ ​ကောင်​လေး။ ကွပ်ပျစ်မှာ ထိုင်ပါဦးကွယ်။ ကြီး​တော်​နောက်​ဖေးမီးဖို​​ချောင်းသွားကြည့်ပါဦးမယ်။ ပြီးရင် မင်းကိစ္စကို ဆက်​ပြောတာ​ပေါ့"

အ​ဒေါ်ကြီးစကားကို သူ​ခေါင်းညိတ်၍သာ တုံ့ပြန်မိသည်။ တစ်ခုခု​ပြောပြီး တုံ့ပြန်​ရ​လောက်သည်အထိ တုန်ယင်​နေ​သောအသံကို ထုတ်မပြချင်ပါ။ တင်းကျပ်စွာ ပိတ်ဆို့​နေ​သော လည်​ချောင်းဝ၌ ရှိုက်ထုတ်ပစ်ရမည့် ​လေထုက ​တစ်ဆို့လျက်။ ရင်ဘတ်ကို လက်ဖြင့်ဖိထားလျက် အသက်ရှူမှန်​အောင် သူလုပ်ယူ​နေ၏။

သူ​ကြောက်​နေသည်.. ဤအရာကို အ​ကြောက်တရားဟု ​ခေါ်သတဲ့လား။ ​ကြောက်ပါသည်ဆိုလျှင်​ရော သူဘာကို ​ကြောက်​နေပါသတဲ့လဲ။ အသားနာရမည့်အတွက်လား၊ မမြင်ရသည့် ငရဲကိုလား။ တိတ်ဆိတ်ရက်စက်စွာ လိုက်ပါလာမည့် ဝဋ်ကိုလား။

"ကဲ.. ကြီး​တော်အားပြီ ​ကောင်​လေး။ မင်းကိစ္စကို ​​ပြောပါဦး"

တံ​တွေးမျိုချလိုက်သည်။ အ​ဒေါ်ကြီး သူ့ကိုယ်သူသုံးနှုန်းလိုက်သလို 'ကြီး​တော်'ဟူသည့်အသုံးအား သူ့ဘက်က ​ခေါ်နိုင်ပါ့မလား မ​​သေချာ။ ​ကျောက်ခဲဆွဲထားသည့်အလား ​လေးလံမှုမျိုး​ကြောင့် စကားတစ်ခွန်းစ​ပြောဖို့အ​​ရေး အား​မွေး​နေရသည်မှာ အမှန်။

"ကြီး​​တော်က ဒီရပ်ကွက်က ဝမ်းဆွဲသည်လို့ကြားတယ်"

"​အေးကွယ်။ ကြီး​တော်​ပြောပြီးသားပဲ​လေ"

𝐁𝘰𝘳𝘯 𝐒𝘪𝘤𝘬 𝐏𝘢𝘳𝘢𝘨𝘰𝘯Where stories live. Discover now