Part 21

3.9K 456 62
                                    

Unicode~

အချိန်အတန်ကြာ အိပ်​ပျော်​နေခဲ့ပြီး နိုးထလာသည့်အချိန်မှာ အနွယ်​တော်Jeonကို မြင်​တွေ့ခွင့်ရလိမ့်မည်ဟု ဘယ်နည်းနှင့်မှ မ​မျှော်လင့်ခဲ့မိ​ချေ။

မ​ဟော်ဂနီသားလှုပ်ကုလားထိုင်မှာ ထိုင်​နေသူ အနွယ်​တော်က ပြတင်းတံခါးများကို အတိအလင်းဖွင့်ဟထားခြင်း​မရှိ​ချေ။ မှန်ကူကွက်များကို ချထားဆဲ။ မှန်ကူကွက်တစ်ခုနှင့်တစ်ခုကြားမှာ စိမ့်ဝင်လာ​သော ​နေ​ရောင်ခြည်​ရေး​ရေး​လေးက ကြမ်းပြင်နီစပ်စပ်​​ပေါ်ဝယ် ရိုးတိုးရိပ်တိပ်ဖြာကျလျက်။

သူအိပ်ရာ​ပေါ်မှ ထမလာ​သေးဘဲ အနွယ်​တော်Jeonနှင့်တကွ ဝန်းကျင်ရှိ သဘာဝတရား၊ အရှိ​သ​ဘောတရား အရာရာကို ခြုံငုံ​ငေးစိမ့်​ကြည့်​နေမိပါသည်။

အနွယ်​တော်Jeonက ကုလားထိုင်လက်တန်း​ပေါ် လက်တင်ထားလျက် လက်ညှိုးနှင့်လက်ခလယ်ကြား တလှုပ်လှုပ်​နေလျက်ရှိသည်။ ​ဆေးလိပ်တစ်လိပ်ကို ကိုင်တွယ်ထား​နေကျဖြစ်သည့်အတွက် ထိုလက်​​ချောင်းများကြား လစ်လပ်​နေသည်ကို အသားမကျတာ ဖြစ်လိမ့်မည်။ ဒါနှင့်များ အပြင်မှာ ​ဆေးလိပ်သွား​သောက်တာမဟုတ်။

"နိုးလာပြီလား"

"အင်း.."

အသံလည်းမပြုမိပါဘဲ ဘယ်လိုသိပါသလဲဟု သူ​မေးချင်ပါသည်။ သို့​သော် မမြင်ရ​သော အကာအရံများ​ကြောင့် ဤသို့​သော အတွင်းကျကျ​မေးခွန်းကို ထုတ်မ​မေးဝံ့။

"ပြတင်း​ပေါက်ဖွင့်လိုက်လို့ရပြီလား။ မျက်စိကအသားကျပြီလား"

"အင်း.. ဖွင့်လိုက်​တော့"

အနွယ်​တော်Jeonဟာ ပင်ကိုစရိုက်အရ သူတစ်ပါး၏ အမြင်နှင့် ခံစားချက်ကို ထည့်တွက်စဥ်းစားတတ်သူမဟုတ်​​ချေ။ ယခုမှ ဘာစိတ်ကူးစိတ်သန်းရ၍ ဒါ​တွေ​​မေး​နေသလဲ မသိ​တော့ပါ။

"မင်း ​ဆေးလိပ်​သောက်ချင် အပြင်သွား​သောက်လို့ရတယ်"

"ဒီအိမ်မှာ မင်းရှိ​​နေ​တော့ မ​သောက်ဖြစ်​အောင်​နေဖို့ လုပ်ထားတယ်။ ဒီအချိန်မှာ ကိုယ်​ဝန်က ဂရုအစိုက်ရဆုံးတဲ့"

𝐁𝘰𝘳𝘯 𝐒𝘪𝘤𝘬 𝐏𝘢𝘳𝘢𝘨𝘰𝘯Where stories live. Discover now