Part 19

3.8K 466 44
                                    

Unicode~

"ဘယ်အချိန်အထိ အဲဒီမိန်းမ ရှိနေဦးမှာလဲ"

သူ့အသံသူဖမ်းမရပါ။ တုန်တုန်ယင်ယင်သော်လည်းကောင်း၊ ခပ်ဖြောင့်ဖြောင့်နှင့်ကြည်လင်၍သော်လည်းကောင်း.. တစ်မျိုးမျိုးတော့ ဖြစ်လိမ့်မည်။

"မင်းစိတ်ထဲမှာ Benရှိနေသရွေ့ပဲ"

အနွယ်တော်ကို ကျောပေးရပ်နေမိသည့်အတွက် သူပြုံးနေသလား၊ မဲ့နေသလား သူမသိရတော့ပါ။

ချစ်လို့ယူကြသည်ဖြစ်စေ၊ မချစ်ဘဲ လက်ထပ်ယူကြသည်ဖြစ်စေ အိမ်ထောင်တစ်ခုမှ တတိယလူ၊ စတုတ္ထလူရယ်လို့ ပါဝင်လာလျှင် အင်မတန်မှ စိတ်ညစ်ညူးရပါသည်။ သူလည်း ဤသို့ပင်။ အနွယ်တော့်အပေါ် သူ့မှာ ချစ်ခြင်းမေတ္တာရယ်လို့မရှိသော်ငြား တခြားမိန်းမနှင့်ကိုယ့်ခင်ပွန်းအတူသွားလာနေသည်ကို လက်သင့်မခံနိုင်ပါ။

အနွယ်တော်Jeonဟာ ကိုယ့်စိတ်ထဲ Benရှိနေသရွေ့ အဲသည်မိန်းမကို အနားမှာထားပါမည်တဲ့လေ။ ကိုယ်ဘယ်လောက်ပဲ Benကိုချစ်ပြီး အတွင်းကျကျ ပတ်သက်ခဲ့ပါစေ အိမ်ထောင်တစ်ခုတည်ဆောက်ပြီးနောက်မှာတော့ အပြင်လူကို မည်သို့စွန့်လွှတ်ရမည်အား ကောင်းစွာသဘောပေါက်ပါ၏။ သို့သော် အနိုင်တစ်ပွဲရချင်သူအဖို့ အနွယ်တော်ကို အရွဲ့တိုက်စကားနိုင်လုပြီးရင်းလုနေမိပါသည်။ သည်လိုနှင့် သူတို့နှစ်ယောက်ကြား အပြတ်ပြတ်နှင့် နှာခေါင်းသွေး ထွက်တော့လေမလား။

"မင်းအဲဒီလောက်ပဲ ကလေးဆန်ရသလား"

"ယူဆချင်သလို ယူဆလို့ရတယ်"

"စိတ်ဆိုတာ ထိန်းချုပ်လို့ရတဲ့အရာမဟုတ်ဘူး။ ခန္ဓာကိုယ်ကိုသာ ထိန်းချုပ်လို့ရတာ။ အဲဒီတော့ ဘယ်သူက စပြင်သင့်လဲ မင်းစဉ်းစားပေါ့"

"ဪ.. လက်စသတ်တော့ ကိုယ့်ဘက်က လျှော့ပေးဖို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပေါ့လေ။ ဘယ်တော့မှဖြစ်လာမယ်လို့ မထင်လိုက်လေနဲ့"

အားအင်ချည့်နဲ့စွာပင် အိစက်သော မွေ့ရာပေါ် ပစ်ထိုင်လိုက်သည်။ သည်လောက်ထိ နေ့စဉ်နှင့်အမျှ တစ်ခုမဟုတ်တစ်ခုအကြောင်းပြုပြီး စကားများနေရတာ.. သူ့နေရာမှာ ဆိုရင်ရော ဘယ်သူက ပျော်နိုင်မှာလဲ။ အနွယ်တော်နှင့် လက်ထပ်ရလို့ သူ့ကို အားကျသူတွေ မနည်းရှိကြလိမ့်မည်။ အနွယ်တော်၏အိမ်ထောင်ဖက်ဘဝဟာ အက်ကွဲလုလုအခွံသက်သက်သာ ဖြစ်ပါကြောင်း ဘယ်သူသိကြသေးလို့လဲ။ သူတစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေရသည့် လူ့ဘဝငရဲက လစ်ဟာပြဖို့ပင် မသင့်တော်လှပါချေ။

𝐁𝘰𝘳𝘯 𝐒𝘪𝘤𝘬 𝐏𝘢𝘳𝘢𝘨𝘰𝘯Where stories live. Discover now