K.A.R.M.A

1.6K 112 22
                                    

"ပထမဆုံး စတွေ့ခဲ့တဲ့အချိန်ကတည်းက ရင်းနှီး ကျွမ်းဝင်မှုတွေကို ကျော်လွန်ပြီး ငါတို့နှစ်ယောက်က အချိတ်အဆက်မိနေတာကိုသတိထားမိတယ်"....

" မင်းနှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ ငါ့ကိုထာဝရချည်နှောင်ပေးထားနိုင်မလား "

"အချိန်တွေနေရာတွေကိုဖြတ်ကျော်ပြီး၊
ဖြစ်နိုင်ခြေဆိုတာတွေကိုကျော်လွန်ပြီးတဲ့နောက်
မင်းရဲ့အစွယ်တွေနဲ့ချည်နှောင်လိုက်တဲ့နေ့ကစပြီး
ငါဘာကိုမှ ဂရုမစိုက်တော့ပါဘူးအချစ်ရေ... "

(Karma)
.
.
.
.

1920ခုနှစ်....

ဘူဆန်မြို့လယ်ရှိ ခြံဝန်းကျယ်ကျယ်နဲ့အိမ်ကြီးအိမ်ကောင်းတစ်ဆောင်၏ရှေ့တွင် မြင်းလှည်းတစ်စီးဆိုက်ရောက်လာပြီးနောက် မြင်းလှည်းပေါ်မှ အနောက်တိုင်းဝတ်စုံအကျအနဝတ်ဆင်ထားသော လူရွယ်တစ်ယောက် အဝတ်အစားအိတ်ကြီးတစ်အိတ်ကိုကိုင်ကာဆင်းလာသည်။

မြည်းလှည်းသမားကို အခကြေးငွေပေးပြီးနောက် ခြံဝန်းအဝင်ဝက လုံခြုံရေးဂိတ်လေးဆီလျှောက်လာခဲ့တော့ ဂိတ်ထဲကလုံခြုံရေးက ပြာပြာသလဲထွက်လာပြီး ခရီးဦးကြိုပြုသည်။

" သခင်လေး ပြန်လာမယ်ဆိုတာမသိလို့ ရထားဘူတာကိုအကြိုမလွှတ်လိုက်ရဘူး သခင်လေးဒုက္ခများသွားပြီ ။

ဝန်မင်းကလည်း အခုတစ်လော ခေါင်းရှုပ်စရာလေးတွေရှိလို့ အခုထိကိုရုံးကပြန်မလာသေးဘူးခင်ဗျ။
သခင်မကြီးကတော့ အထဲမှာရှိပါတယ် သခင်လေးပြန်လာမှန်းသိရင် အရမ်းအံ့သြနေမှာ "

သူ့အတွက်နဲ့အလုပ်ရှုပ်နေမှာဆိုးလို့ ဆောင်ဟွန်းကသူပြန်လာမယ့်အကြောင်း အိမ်ကလူတွေကို ကြေးနန်းမပို့ဖြစ်ခဲ့ပေ။

ဟန်ယန်း(ဆိုးလ်မြို့) မှာကျောင်းသွားတက်နေရာကနေ အခုတော့ကျောင်းပြီးပြီမို့ ဘူဆန်ကိုအပြီးပြန်လာခြင်းပင်ဖြစ်သည်။

အဖေက ဘူဆန်မြို့တော်ဝန်မို့ ဆောင်ဟွန်းကိုသူ့လိုနိုင်ငံရေးသမားတစ်ယောက်ဖြစ်စေချင်သည်။

ထို့ကြောင့်လည်း ဟန်ယန်းကိုစေလွှတ်ကာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ယူစေခဲ့ပေမယ့် ဆောင်ဟွန်းကတော့ နိုင်ငံရေးထက် ယခု ခေတ်စားနေသည့် ဓာတ်ပုံပညာကိုပိုစိတ်ဝင်စားသည့်အတွက်
ကျောင်းတစ်ဖက်နဲ့ ဓာတ်ပုံပညာကို လေ့လာသင်ယူခဲ့သည်။

SACRIFICE Where stories live. Discover now