"ဟိုဆော့မင်းဘာလို့မငြင်းတာလဲဒီလက်ထပ်ပွဲကို"
"တောင်းပန်ပါတယ်ဂျောင်ကု"
"မင်းဒီတောင်းပန်တဲ့စကားပဲပြောတက်လားဟမ် မင်းဆီကတောင်းပန်တာလိုချင်တာမဟုတ်ဘူး ဘာလို့မငြင်းတာလဲဆိုတဲ့အဖြေလိုချင်တာ "
"........"
"ဂျောင်ဟိုဆော့ !!မင်းဖြေလေဘာလို့တိတ်နေတာလဲငါ့မှာရည်းစားရှိနေတာမင်းသိသိကြီးနဲ့"
"တောင်းပန်ပါတယ်ဂျောင်ကုရာ မင်းကိုငါသူငယ်ချင်းသံယောဇဉ်ထက်ပိုမိနေတယ် မင်းကိုငါအရမ်းချစ်လို့မငြင်းမိတာပါ"
"ဘာပြောတယ်"
"ဟုတ်တယ်မင်းကိုငါချစ်နေတာကြာပြီ သူငယ်ချင်းသံယောဇဉ်ပြတ်မှာကြောက်လို့ဖွင့်မပြောဖြစ်ခဲ့တာပါ"
"ဒီမှာငါပြောမယ်ဂျောင်ဟိုဆော့ငါ့မှာချစ်ရတဲ့သူရှိတယ်မင်းကိုငါပြန်မချစ်နိုင်ဘူး ဘယ်တော့မှလည်းပြန်ချစ်လာမှာမဟုတ်ဘူး နောက်ပြီးငါကကောမင်းလိုယောင်္ကျားလေးတစ်ယောက်ကိုချစ်မယ်ထင်နေလား မင်းသိပ်မရူးနေနဲ့ ဘာလဲသူငယ်ချင်းသံယောဇဉ်ပြတ်မှာကြောက်လို့ဟုတ်လား ဟုတ်ပြီဒါဆိုငါတို့ဒီနေ့ကစပြီးသူစိမ်းလိုပဲနေတော့မယ် မင်းကလည်းငါ့သူငယ်ချင်းမဟုတ်တော့ဘူး ယောင်္ကျားချင်းသဘောကျတယ်တဲ့ဟက်သိပ်စိတ်ပျက်ဖို့ကောင်းတာပဲဂျောင်ဟိုဆော့"
ကိုယ့်အိမ်လာပြီးဂျောင်ကုကပြဿနာလာရှာတယ်ဘာလို့လက်ထပ်မယ့်ကိစ္စမငြင်းတာလဲလို့ဆိုပြီးနောက်တော့သူပြောလိုက်တဲ့စကားတွေကကျွန်တော်ရင်ကိုဓားနဲ့အကြိမ်ကြိမ်ထိုးနေသလိုပဲအရမ်းနာကျင်ရတယ်။ကျွန်တော်ပြောသားပဲသူ့ကိုမရိုးသားမှန်းသိရင်သူစိတ်ဆိုးလိမ့်မယ်ဆိုတာအမှန်တကယ်ဖြစ်လာပြီဘယ်တက်နိုင်ပါ့မလဲ။
"ဂျောင်ဟိုဆော့ရေမင်းကသိပ်ရူးတာပဲ"ကိုယ့်ကိုပြောနေလိုက်တယ်။ဟုတ်တယ်ကျွန်တော်ကသိပ်ရူးတာနောက်တစ်ပတ်ကျရင်သူနဲ့ကျွန်တော်နဲ့လက်ထပ်ရတော့မယ်။ကျွန်တော်ကောအဲ့အချိန်ကျရင်ပျော်ရွှင်ပါ့မလား။ဂျောင်ကုကောကျွန်တော်ကြောင့်စိတ်ညစ်နေမလား။ဂျောင်ကုရယ်ငါ့ကိုမမုန်းပါနဲ့နော်
YOU ARE READING
One Sided Love
Romanceအချစ်တစ်ခုမှာသုံးပွင့်ဆိုင်လာရင်လူတစ်ယောက်ကထွက်သွားပေးရမယ်တဲ့။ ငါမင်းကိုပျော်ရွှင်စေချင်တယ်ဒါကြောင့်ငါထွက်သွားပေးပါ့မယ်။ Start - 10.5.2023 End - ❔