အိပ်ယာနိုးနိုးချင်းနာရီကိုလှမ်းကြည့်လိုက်တော့လက်တံက9ကိုညွှန်ပြနေပြီ
"9နာရီတောင်ရှိပြီလား"
ကျွန်တော်လည်းရေမိုးချိုးပြီးအောက်ထပ်ကိုမနက်စာစားဖို့ဆင်းသွားလိုက်တော့ထမင်းစားပွဲဝိုင်းမှာဘာမှမရှိဘူး။ဂျောင်ဟိုဆော့ကကောငါ့အတွက်ဘာမှမလုပ်ပေးဘူးလားဒီကောင်တော့
"ဂျောင်ဟိုဆော့ ဂျောင်ဟိုဆော့ အခုချက်ချင်းလာစမ်း"
"ငါခေါ်နေတာမလာဘူးလား မကြားချင်ယောင်ဆောင်နေတာလား"
ကျွန်တော်အော်သာခေါ်နေတာသူကထွက်မလာဘူး။ဘယ်မှာပုန်းနေတာလဲ မင်းဘယ်မှာပုန်းပုန်းငါ့လက်ကနေမလွတ်ဘူးဆိုတာသိထားငါကမင်းဘယ်နေရာရောက်ရောက်ရအောင်ရှာပြီးငါ့ပြောသမျှငါခိုင်းသမျှလုပ်ရအုံးမယ်။မတွေ့လို့ဖုန်းဆက်ကြည့်လိုက်တော့တဖက်ကပြန်ဖြေလာတယ်
"ဟယ်လို"
"ဟယ်လို ဂျောင်ဟိုဆော့မင်းဘယ်မှာလဲဘာလို့အိမ်မှာမရှိတာလဲမနေ့ကအိမ်ပြန်မလာဘူးလားဘယ်ကောင်နဲ့သွားနေနေတာလဲ"
"အန်တီပါဂျောင်ကုသားလေးကအန်တီအိမ်မှာရောက်နေပါတယ်ဘယ်ကောင်နဲ့မှာသွားနေနေတာမဟုတ်ပါဘူး"
"အာ အန်တီတောင်းပန်ပါတယ်နော်ကျွန်တော်ကဟိုဆော့ကိုစလိုက်တာပါ"
"သားကညနေလောက်မှပြန်လာမယ်တဲ့"
"ရပါတယ်အန်တီ"
ကျွန်တော်ဖုန်းချလိုက်ပြီးမနက်စာအပြင်ထွက်စားမလို့ရယ်နာကိုချိန်းလိုက်တယ်မနက်စားအတူမစားရတာကြာပြီလေ။နောက်ပြီးဟိုဆော့နဲ့လည်းမစားရတာဖြင့်ကြာပေါ့သူတို့လက်ထပ်ပြီးထဲကမင်းနဲ့အတူတူစားချင်လိုက်တာ
"ဂျောင်ကုမင်းဘာတွေတွေးနေတာလဲသူ့ကိုမုန်းနေတာမလား သူကအတ္တကြီးပြီးငါနဲ့ငါ့ချစ်တဲ့သူကိုခွဲခဲ့တဲ့သူလေ"ဟုပြောပြီးအပြင်ထွက်သွားလေရဲ့
ဟိုဆော့ဘက်ခြမ်းတွင်
"သားညကဘာလို့အိမ်ပြန်မအိပ်တာလဲ"
"အိုမားကလည်းသားအိုမားနဲ့အတူတူအိပ်ချင်လို့ပေါ့မရဘူးလား"
YOU ARE READING
One Sided Love
Romanceအချစ်တစ်ခုမှာသုံးပွင့်ဆိုင်လာရင်လူတစ်ယောက်ကထွက်သွားပေးရမယ်တဲ့။ ငါမင်းကိုပျော်ရွှင်စေချင်တယ်ဒါကြောင့်ငါထွက်သွားပေးပါ့မယ်။ Start - 10.5.2023 End - ❔