ကျွန်တော်ဒီနေ့hoseokဆီသွားဖို့ပြင်ဆင်လိုက်တယ်။အခုသူကပန်းဆိုင်မှာအလုပ်လုပ်နေတာတဲ့အခုကျွန်တော်သူရှိတဲ့ပန်းဆိုင်ကိုကားလေးနဲ့ထွက်လာခဲ့တယ်။သိပ်မကြာလိုက်ပန်းဆိုင်ကိုရောက်လာခဲ့တယ်။ပန်းဆိုင်လေးကိုကြည့်ရတာအရမ်းအေးချမ်းတာပဲ။ဆိုင်ရှေ့ရောက်တော့အားကိုးမွေးကာဆိုင်ထဲကိုဝင်လိုက်တယ်။တံခါးဖွင့်လိုက်တော့ဟိုဆော့ကပန်းတွေကိုစီးနေရင်းနှုတ်ဆက်လာတယ်။ကျွန်တော်ကိုဧည့်သည်ထင်နေတယ်
"မင်္ဂလာပါ"
"ဟိုဆော့"
ကျွန်တော့်နာမည်ကိုခေါ်လိုက်တဲ့လူဒီအသံမဟုတ်ပါစေနဲ့လို့ဆုတောင်းမိတယ်။မော့ကြည့်လိုက်တော့ဆုတောင်းမပြည့်ခဲ့ဘူး။
"မင်း"
"ဟိုဆော့ ငါတောင်းပန်ပါတယ်"
"မင်းငါဒီမှာရှိနေတယ်ဆိုတာဘယ်လိုသိလဲဟမ် ထွက်သွားဒီကနေ"
"ဂျီမင်းဆီကသိတာ ငါမင်းကိုတောင်းပန်ပါတယ်"
"မင်းထွက်သွား မင်းကိုငါမတွေ့ချင်ဘူးငါအရှေ့လည်းပေါ်မလာပါနဲ့ ဘာလဲနှိပ်စက်လို့မဝသေးလို့ဒီအထိရောက်လာတာလား ငါတောင်းပန်ပါတယ်ထွက်သွားပေးပါငါဘဝထဲကနေ"
"ဟအင်းမထွက်သွားဘူးမင်းငါ့ကိုခွင့်လွှတ်ပေးပါနော် တောင်းပန်ပါတယ်"
"ငါကောင်းကောင်းပြောနေတုန်းထွက်သွားလိုက်နော်"
"ငါတကယ်တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါဟိုဆော့"
"Jeon Jungkook!!"
စိတ်တိုလို့အော်လိုက်မိတယ်တခါမှသူ့ကိုမအော်ဖူးဘူး။သူ့ကိုမတွေ့ချင်တော့ဘူးတွေ့တိုင်းကိုယ်ပဲခံစားနေရတယ်။မခံစားချင်တော့ဘူး နေသားကျနေပြီကိုဘာလို့ငါ့အရှေ့ပြန်ပေါ်လာရတာလဲ။မင်းကငါ့ကိုပျော်ရွှင်ကိုမပေးတော့ဘူးလား။ငိုချင်တယ်မင်းကိုတွေ့တိုင်းဒါကြောင့်ထွက်သွားပါငါ့ဘဝထဲကနေငါမငြိတွယ်ချင်တော့ဘူးမင်းကို
YOU ARE READING
One Sided Love
Romanceအချစ်တစ်ခုမှာသုံးပွင့်ဆိုင်လာရင်လူတစ်ယောက်ကထွက်သွားပေးရမယ်တဲ့။ ငါမင်းကိုပျော်ရွှင်စေချင်တယ်ဒါကြောင့်ငါထွက်သွားပေးပါ့မယ်။ Start - 10.5.2023 End - ❔