မြကွန်းညို- "ကိုကြီးနဲ့မခွန်းလိုကွန်းကမေမေ့စကားနားထောင်ပြီးနောက်ဆုတ်မယ်ထင်နေတာလား မရဘူးနော်မေမေ ကွန်းကဒါဆိုဒါဘဲ ဘယ်တော့မှနောက်ဆုတ်မှာမဟုတ်ဘူး"
ဒေါ်မြကျွန်းညို-"မြကွန်းညို ညည်းကငါ့ကိုအာခံနေတာပေါ့ဟုတ်လား "
မြအဉ္ဇလီစံအိမ်ကြီးမှဒေါ်မြကျွန်းညိုတို့သားအမိနှစ်ယောက်အချေတင်စကားများနေခဲ့ကြသည်။
မြခွန်းချို-"ကွန်းလည်းတော်တော့ မေမေ့ကိုဘာလို့အဲ့လောက်ခံပြောနေရတာလည်း၊မေမေ မေမေလည်းတော်တော့နော်ကွန်းကငယ်သေးတော့စိတ်ကစားတာဘဲနေမှာပါ။"
မြကွန်းညို-"ကွန်းဘာမှစိတ်မကစားဘူးမမ ကွန်းအသက်ပြည့်နေပြီ ကွန်းမှာလွတ်လပ်ပိုင်ခွင့်ရှိတယ်။"
မင်းမြတ်ကျော်စွာ-"ဒီကလေးပြောလေကဲလေ အေ မေမေ့ရောဂါပြန်ထလာရင်နင့်ကြောင့်နော်မိကွန်းတော်တော့။"
ဦးမင်းထင်-"ကယ်မြလည်းတော်တော့၊သမီးလေးလည်းတော်တော့ နောက်နေ့စိတ်အေးမှဆက်ဆွေးနွေးကြရအောင် သမီးကြီးမေမေ့ကိုအထဲလိုက်ပို့လိုက်တော့။"
ဦးမင်းထင်ဝင်တားခဲ့သောကြောင့်အမေနဲ့သမီးကြားရန်ပွဲဟာခေတ္တခဏရပ်နားသွားလေသည်။
ဒေါ်မြကျွန်းညိုကိုအိပ်ခန်းထဲပို့ပြီးတဲ့အခါ မြခွန်းချို၊မင်းမြတ်ကျော်စွာနဲ့ဦးမင်းထင်တို့ဟာ ဧည့်ခန်းထဲခေါင်းချင်းဆိုင်ကြရလေရဲ့။
မြခွန်းချို-"ဖေဖေဘာဆက်လုပ်ကြမလည်း ညီမလေးစိတ်လည်းဖေဖေသိတယ်မလားလုံးဝပြင်မှာမဟုတ်ဘူး မေမေကလည်းလက်မလျော့လောက်ဘူး။"
မင်းမြတ်ကျော်စွာ-"ကျော့်အထင်တော့ကွန်းလည်းမမှားဘူးသူ့လွတ်လပ်ပိုင်ခွင့်ကိုသူတောင်းတာတောင်းရဲတဲ့သူ့သတ္တိကိုလည်းကျော်လေးစားတယ်ကျော်တို့မလုပ်နိုင်တဲ့အရာကိုကွန်းကလုပ်သွားတာ ဒါပေမဲ့မေမေကလည်းဘယ်လိုမှလက်ခံမှာမဟုတ်လောက်ဘူး။"
ဦးမင်းထင်-"ဟင်း...........မြကျွန်းညို မြကွန်းညို နာမည်တင်ဆင်ရုံမဟုတ်ဘူး ခေါင်းမာတာ မာနကြီးတာ အတ္တကြီးတာ စိတ်ကပါတူနေတော့ ဒီမြအဉ္ဇလီစံအိမ်ထဲခြင်္သေ့နှစ်ကောင်အောင်းနေသလိုပါဘဲလား။"