တီ.....တီ.....တီ
ဦးမင်းထင်-ဟယ်လို....သားကြီးမင်းမြတ်ကျော်စွာ-ဟုတ်ဖေဖေ..နေကောင်းတယ်မလား သားလည်းဒီဘက်အလုပ်ရှုပ်နေတာနဲ့ဖုန်းမခေါ်ဖြစ်တာ
ဦးမင်းထင်-အေ....ကောင်းတယ်သား မင်းရောအဲ့ဘက်ကခြံအခြေနေ
မင်းမြတ်ကျော်စွာ-ကော်ဖီခြံကတော့အားလုံးအဆင်ပြေတယ်ဖေဖေ၊မေမေထပ်ပြီးဝယ်ခိုင်းထားတဲ့ဧက50ခြံထဲမှာတော့ မေမေက golf ကွင်းလည်းထည့်ချင်တယ်ဆိုလို့သားအဲ့ကိစ္စတွေလိုက်လုပ်နေတယ်ဖေဖေ
ဦးမင်းထင်-အော်ဟုတ်သားဘဲအဲ့ခြံ ခြံနေရာကအဆင်ပြေတယ်မလား
မင်းမြတ်ကျော်စွာ-ဟုတ်ဖေ ခြံကနေရာလည်းကောင်းတယ်ဖေဖေ ဘေးကခြံကလည်းဧက50ဘဲဖေဖေ အဲ့လက်ကတော့ဘာလုပ်မလည်းတော့မသိဘူး မေမေကတော့သူ့ခြံမှာ golf ကွင်းရယ် ရေကူးကန်ရယ် နောက်သူထပ်ထည့်ချင်တာတွေရှိတယ်တဲ့ သားကိုတော့ဖုန်းလှမ်းမဆက်သေးဘူးဖေဖေ
ဦးမင်းထင်-အော် ဟုတ်ပြီသား ဒါဆိုဖေဖေ ရုံးသွားဖို့ပြင်လိုက်အုန်းမယ် မင်းလည်းကျန်းမာရေးဘာညာဂရုစိုက်အုန်းနော် အဲ့ဘက်ရာသီဥတုကအေးတယ်မလား
မင်းမြတ်ကျော်စွာ- ဟုတ်ဖေဖေ ဖေဖေတို့လည်းဂရုစိုက်အုန်း
ဒေါ်မြကျွန်းညိုဟာပြင်ဦးလွင်ဘက်ကဧက50ခြံထဲတွင် သူဝါသနာပါရာတွေကိုလုပ်ဖို့ ထိုခြံထဲတွင်စိတ်ကြိုက်ရောင်စုံခြယ်သနေခြင်းဖြစ်ပြီးထိုခြံကြီးနာမည်အား မြယွန်းဧကရီဆိုသော နာမည်အားပေးထားမည်ဟုစိတ်ကူးထားခဲ့လေသည်။
ဒေါက် ဒေါက် ဒေါက်
မြခွန်းချို-မေမေရေ......
ဒေါ်မြကျွန်းညို-အေ...သမီးကြီးဝင်ခဲ့
မြခွန်းချို-ဟုတ်...မေမေအဝတ်စားတွေထုပ်ပြီးဘာလုပ်မို့တုန်း
ဒေါ်မြကျွန်းညို-ဟမ်........မေမေညည်းတို့ကိုမပြောရသေးဘူးလား ဒီနေ့ညနေပြင်ဦးလွင်တက်ကြမယ်ဆိုတာ
မြခွန်းချို-ဟာ.....မေမေချက်ချင်းကြီး ဘာမှလည်းမပြောထားဘူး
ဒေါ်မြကျွန်းညို-မေမေမေ့နေတာဖြစ်မယ် ကယ်ကယ်အငယ်မနဲ့ညည်းတို့အဖေကိုပါပြောပြီးညနေထွက်ဖို့ပြင်ကြတော့