but I love you so

635 75 1
                                    

ကိုယ်မင်းကိုသိပ်ချစ်ခဲ့တယ်...

မနက်ဖြန်ငါဘွဲ့ယူရတော့မယ်။ငါ့တက္ကသိုလ်စီနီယာကဆက်သွယ်လာတာကြောင့်ငါဘွဲ့၀တ်စုံသွားထုတ်ဖို့ဖြစ်လာတယ်။fourthကအိပ်နေတုန်းမလို့ငါမနိုးချင်ပါ။

စောင်လေးအားသေချာခြုံပေးလိုက်ပြီးငါကားသော့ယူကာကားပါကင်သို့ဆင်းလာလိုက်သည်။ဒီနေ့ရဲ့ဘန်ကောက်ရာသီဥတုကသာယာပါတယ်။

လမ်းမှာအစောပိုင်းရောင်းတဲ့ဖတ်ထုပ်ပြုတ်ပူပူလေးကမွှေးနေတာမလို့အပြန်ကျရင်fourthအတွက်၀ယ်သွားဦးမည်ဟုငါတွေးလိုက်သည်။

စီနီယာကငါ့ကွန်ဒိုအောက်ကအမစီအပ်ထားခဲ့တယ်ဆိုလို့ငါကွန်ဒိုသို့၀င်လိုက်သည်။ရောက်တုန်းလေးအင်္ကျီတစ်ချို့ပါထည့်ရန်ဆုံးဖြတ်လိုက်သည်။fourthကဆေးရုံမှာဘယ်လောက်ထိနေရဦးမလဲငါမသိပေ။

ရေတွေဘာတွေချိုးပြီးနောက်သိပ်အများကြီးမပါသည့်အ၀တ်အိတ်အားယူကာငါပြန်ဖို့လုပ်သည်။ခရီးထွက်ဖို့လားဆိုတဲ့ကောင်တာကအမရဲ့အမေးကို'ကောင်လေးကိုအဖော်လုပ်ပေးမလို့'ဟုသာဖြေရင်းငါကားစီလျှောက်လာလိုက်သည်။

လမ်းမှာဖတ်ထုပ်ပြုတ်ပူပူလေးအပြင်အလှရောင်းတဲ့ကာပယ်လ်လက်ပတ်လေးတွေပါတွေ့တာကြောင့်ငါ၀ယ်လိုက်သည်။လမ်းနည်းနည်းပိတ်နေသည်မလို့ငါနောက်ကျသွားသည်ကအမှန်ပင်။

_________________________

ဖတ်ထုပ်ကိုကော်ဗူးလေးဖြင့်ထုတ်ထားတာကြောင့်အပူဓာတ်အနည်းငယ်ကျန်သေးတယ်။ငါfourthရဲ့အခန်းရှေ့ရောက်တော့ဆရာ၀န်အချို့ကအခန်းထဲကထွက်သွားသည်မလို့ငါလန့်သွားသည်ကအမှန်။

အခန်းထဲငါအပြေး၀င်မိတော့fourthကငါ့ကိုတွေ့ပြီးလန့်သွားသည့်ပုံနောက်တော့ပြုံးပြ၏။

"ဘယ်တွေရောက်နေခဲ့တာလဲ..ငါကမင်းကိုစောင့်နေတာ"

"အဆင်ပြေရဲ့လားfourth..ငါဆရာ၀န်တွေကိုတွေ့လိုက်တယ်"

Fourthကအဆင်ပြေကြောင်းပြောပြီးငါ့လက်ထဲကဖတ်ထုပ်ပြုတ်အားမျက်စောင်းထိုးလာသည်မလို့ခုမှပဲငါသက်ပြင်းချနိုင်တော့သည်။ပန်းကန်အဖြူလေးထဲထည့်လိုက်ကာfourth
အားချွံ့ကျွေးတော့အများကြီးအရသာရှိကြောင်းပြောလာလေသည်။

The last 10 days(Geminifourth ff✅)Where stories live. Discover now