I'm fall first..

1.2K 88 21
                                    

နှုတ်ဆက်ပါတယ်။

ဒီနေ့geminiဘွဲ့ယူရမည့်နေ့ပင်။black suitအပြည့်၀တ်ထားသည့်သူ့အားfourthကnecktieလေးပြင်ပေးလေသည်။မနေ့ညကအကြောင်းငါတို့တစ်ယောက်မှစကားမစမိပေ။

သပ်သပ်ရပ်ရပ်လေးပြင်ပေးကာပြီးပြီဟူ၍ငါ့အားဂုဏ်ယူတဲ့အကြည့်လေးဖြင့်ကြည့်လာသည်။အဲ့နောက်fourthကခြေဖျားထောက်ပြီးငါ့နဖူးလေးကိုနမ်းလိုက်တာကြောင့်ငါကြည်နူးမိသွားပြန်သည်။

"မင်းကဆရာ၀န်ကောင်းလေးတစ်ယောက်ဖြစ်လာမှာငါသိတယ်"

ငါfourthရဲ့ကိုယ်သေးသေးလေးကိုသိမ်းကြုံးဖတ်လိုက်ရင်းခေါင်းလုံးလုံးလေးကိုနမ်းရှိုက်လိုက်သည်။

"မင်းရှိနေရင်ကောင်းမှာပဲ.."

"အင်းနော်.."

အဲ့နောက်fourthကငါ့ကိုနောက်ကျမည်ဟူ၍အတင်းပင်သွားခိုင်းလေသည်။ဘာကြောင့်ရယ်မှန်းမသိfourthကိုထားခဲ့ရမှာငါ့စိတ်ထဲတစ်မျိုးပင်ဖြစ်လေသည်။
________________________

Geminiကားလေးဆေးရုံ၀န်းကထွက်သွားသည်ကိုပြတင်းပေါက်ကမြင်သည့်အခါငါ့မျက်၀န်းထဲကမျက်ရည်များစီးကျလာသည်။

ငါတင်းခံထားသမျှနာကျင်မှုတွေကအခုမှပြလာလေသည်။ငါ့နှလုံးကတစ်အားနာလာပြီးငါအသက်ရှုတွေပင်ကြပ်လာသည်။ရှိသမျှအားအကုန်စိုက်ရင်းအရေးပေါ်ခလုတ်လေးကိုငါနှိပ်လိုက်သည်။

နှာခေါင်းသွေးတွေမဟားတရားလျှံလာကာငါကုတင်ပေါ်တွင်လှဲနေသည့်အချိန်ငါ့အခန်းထဲကိုဆရာ၀န်တွေnurseတွေပြေး၀င်လာတာကိုငါဝေတားဝါးတားသာမြင်ရသည်။

ကုတင်ပေါ်တွင်နေရာချကာအောက်ဆီဂျင်တပ်ပေးပြီးနှလုံးခုန်နှုန်းစက်ဖြင့်ငါ့လက်ညိုးထိပ်ကိုချိတ်လိုက်သည်။ငါဘယ်လောက်ပဲကြိုးစားပါစေအသက်ရှုမ၀ပါ။ငါ့နားထဲမှာရွှီးခနဲလေထွက်သံသာကြားပြီးကျန်တာတွေဘာမှမသိတောာ့ပေ။

ဆရာ၀န်တွေကငါ့ကိုdefibrillatorနဲ့နှလုံးခုန်နှုန်းပုံမှန်ဖြစ်အောင်shokeပေးပေမယ့်ဒါကငါ့ရဲ့နောက်ဆုံးအချိန်ထင်ပါရဲ့။ငါ့ရဲ့မျက်၀န်းကနေမျက်ရည်တွေစီးကျပြီး အောက်ဆီဂျင်ပိုက်အောက်မှာငါပြုံးမိသည်။

The last 10 days(Geminifourth ff✅)Where stories live. Discover now