loving you..

540 77 2
                                    

မင်းကိုချစ်လိုက်ရတာgemini..

အရာရာအဆင်ပြေမှာပါဆိုတဲ့စကားဟာငါ့နေ့စဉ်ဘ၀နဲ့ညီမျှတယ်။ငါ့ကိုအဖေကလည်းမလိုချင်ခဲ့သလိုအမေကလည်းမွေးကတည်းကမျက်နှာလေးတောင်မပြသွားခဲ့ဘူး။

ငယ်ရွယ်တဲ့ငါ့အကိုကိုဒုက္ခပေးဖို့‌ဘုရားသခင်ကငါ့ကိုဖန်ဆင်းပေးခဲ့တာနေမှာ။ငါ့ရဲ့စိတ်ကျရောဂါဟာအတိုင်းအတာတစ်ခုထိရောက်ခဲ့ပေမယ့်ငါပြန်ထိန်းနိုင်ခဲ့တယ်။

လူတွေကပြောတယ်။juneရဲ့ပထမဆုံးမိုးနဲ့decemberရဲ့ပထမဆုံးနှင်းကိုအတူကြည့်နိုင်တဲ့လူကအချစ်ဦးပါတဲ့။ငါနဲ့မသက်ဆိုင်တဲ့စကားစုတွေပဲ။

ဆယ်ကျော်သက်အရွယ်ကိုအဖြူရောင်အခန်းငယ်လေးထဲဖြတ်သန်းခဲ့ရတဲ့တစ်နေ့တာမှာနှင်းဆီဖြူကိုပျိုးရတာရိုးရှင်းပါတယ်။

စာအုပ်အညိုရောင်လေးတွေနဲ့ဂီတာရဲ့သံဇဉ်ဟာငါ့အတွက်အကောင်းဆုံးအဖော်မွန်တွေဖြစ်ခဲ့တယ်။2020နှစ်မကုန်ခင်ထိတော့ငါ့ဘ၀ဟာနှင်းဆီဖြူလိုပါပဲ။

ပထမဆုံးနေရောင်နဲ့ထိတွေ့ခွင့်ရပြီးဆေးရုံဆိုတဲ့လှောင်အိမ်ကနေငါလွှတ်မြှောက်ခဲ့တယ်။happy new yearညမှာငါဟာအထီးကျန်ဆုံးလူသားတစ်ယောက်ဖြစ်နေလေရဲ့။

ငါ့အကိုကငါ့ကိုအချိန်မပေးနိုင်ခဲ့လို့အများကြီးစိတ်မကောင်းဖြစ်နေပေမယ့်အပြုံးလေးတစ်ခုနဲ့သာအဆင်ပြေပါတယ်လို့ဆိုခဲ့ရတယ်။

ဒါတွေအားလုံးဟာအချစ်ဦးဆိုတဲ့လူတစ်ယောက်နဲ့စတင်ခဲ့တယ်။မဖိတ်ခေါ်ပါပဲတိုး၀င်လာခဲ့တဲ့ဒီလူသားကိုသိပ်ချစ်မိခဲ့ပေမယ့်အခိုက်အတန့်တစ်ခုလေးသာငါတို့ကြားမှာရှိခဲ့တာ။

_______________________

"ပညာရှိတွေကဆိုကြတယ် ရူးမိုက်တဲ့လူတွေကသာတစ်ဇွတ်ထိုးလုပ်တတ်ကြတယ်တဲ့..ငါဟာရူးမိုက်စွာမင်းကိုချစ်ခဲ့တဲ့လူတစ်ယောက်ပါ.."

ခပ်တိုးတိုးညည်းသံလေးကနှင်းဆီဖြူကိုပျိုးနေလေ‌ရဲ့။လက်ထဲကgreen teaပူပူလေးကိုကိုင်ထားရင်းထိုအမျိုးသားငယ်ကိုငါကြည့်နေမိသည်။

လူတစ်ယောက်ကိုချစ်မိသွားတဲ့အခါကျောပြင်လေးကအစမျက်တောင်စိတ်လေးတွေအဆုံးသဘောကျနေရသလိုမျိုး။

The last 10 days(Geminifourth ff✅)Where stories live. Discover now