Part 5

82 7 5
                                    

ကြောင်နှစ်ကောင် အိမ်ပေါ်ရောက်ပြီးတဲ့နောက်မှာ မင်ဟိုက သူ့ဘဝမှာအလုပ်ရှုပ်တယ်ဆိုတဲ့ခံစားချက်ကိုပထမဆုံးစခံစားလာရတယ်။ အရင်ကဆို တစ်ချိန်လုံးတိတ်ဆိတ်နေတတ်တဲ့ သူ့အိမ်က အခုတော့ကြောင်ပေါက်လေးတွေအော်သံ ဆူညံံနေတယ်။အရင်ကပျင်းရိစရာအပြည့်နဲ့မနက်ခင်းက အခုတော့ ကြောင်အစာကျွေးရတဲ့အလုပ်ပိုလာခဲ့တယ်။ အရင်က အိမ်ကိုနောက်ကျမှပြန်ရောက်လည်းအဆင်ပြေပေမယ့် အခုတော့ ခဏခဏအစာတောင်းတတ်ကြတဲ့ကြောင်ပေါက်နှစ်ကောင်ကြောင့် အိမ်ကိုစောစောပြန်နေရပြီ။

" ကျနော်မကြာမကြာလာကြည့်ပါ့မယ်" ဆိုပြီးပြောထားတဲ့ကောင်လေးကလည်း အဲ့လိုပြောတဲ့နေ့ကစလို့ပျောက်သွားလိုက်တာ အရိပ်အယောင်တောင်ပေါ်မလာခဲ့ဘူးလေ။ သူ့ဘဝကိုကြောင်နှစ်ကောင်နဲ့နှောက်ယှက်သွားတဲ့ကောင်လေးကို တွေ့မှ ကောင်းကောင်းဆူပေးရမယ်။

အစားအသောက်ကြီးတဲ့ကြောင်ပေါက်နှစ်ကောင်ကလည်း တစ်ပတ်အတွင်း နို့တွေသောက်ပြီးကြီးထွားလာလိုက်တာ အရင်လိုအရိုးပေါ်အရေတင်မဟုတ်တော့ဘဲ လုံးလုံးလေးဖြစ်လာလို့ပေါ့။ ညစာစားပြီးတဲ့အချိန်ရောက်တော့ ရေသေတ္တာထဲမှာ နွားနို့ကုန်နေတာသူသိလိုက်တယ်။ ဒါကြောင့် တီဗွီစင်နားက ဇလုံထဲမှာရှိနေတဲ့ကြောင်နှစ်ကောင်ကို ကြည့်ပြီးသက်ပြင်းတစ်ချက်ချလိုက်မိတယ်။ ဒီတိုင်းတော့ထားလို့မဖြစ်တော့ဘူး ။ကြောင်သေးအနံ့ကလည်း သူ့အိမ်ထဲမှာလှိုင်နေသလိုခံစားရပြီး ဇလုံအတွင်းထောင့်နားက အညစ်အကြေးတစ်ချို့ကလည်းရှိနေသေးတယ်။ ဒါကြောင့် မင်ဟိုက ဟိုကောင်လေးက်ို မကျေမနပ်နဲ့ရေရွတ်ပြောဆိုလိုက်ပြီးနောက် ပိုက်ဆံအိတ်ယူကာ pet shop တစ်ခုကိုထွက်လာခဲ့လိုက်တယ်။

" ဟို လသားအရွယ်ချိုးလို့ရမယ့် ရေချိုးဆပ်ပြာပါပေးပါ "

သူဝယ်ထားသမျှ ရှင်းတော့မယ်ဆိုကာမှ တစ်ခုခုကိုသတိရသွားပြီး ဆိုင်ဝန်ထမ်းကိုပြောလိုက်တယ်။ ဝယ်ထားသူမျှ ကြောင်အသုံးအဆောင်တွေရှင်းပြီးချိန်မှာတော့ သူ့ကဒ်ထဲကပိုက်ဆံဟာ သိသိသာသာကိုလျော့သွားခဲ့တယ်။ ကြောင်လေးတွေအတွက် အစားအစာ၊ အိပ်ယာ နဲ့ အညစ်အကြေးစွန့်ခွက် ၊ ရေချိုးဆပ်ပြာအပြင် ရာသီဥတုအေးလာတာကြောင့်စောင်လေးနှစ်ထည်ပါအပိုဝယ်ခဲ့သေးတယ်။ သူဆိုင်ထဲကထွက်လာတဲ့အခါမှာ လက်နှစ်ဖက်လုံးအထုတ်တွေအပြည့်နဲ့ဖြစ်ပြီး ထူးထူးခြားခြားလည်းစိတ်ကြည်နေသလိုခံစားရတယ်။ကြည့်ရတာ ဘဝမှာပထမဆုံး သူ့အတွက်မဟုတ်ဘဲ တခြားအတွက် ပိုက်ဆံအများကြီးသုံးမိလိုက်လို့ထင်တယ်။ ဒါကြောင့် အကြာကြီးနေမှ ပထမဆုံးပိုက်ဆံကုန်ရတော့ သူ့အတွက်နည်းနည်းထူးခြားနေတယ်လေ။ဒီလိုနေ့ရက်တွေလည်းရှိသေးပါလားလို့တွေးရင်း သူအိမ်ပြန်လမ်းကိုဦးတည်ပြီး ခြေလှမ်းမှန်မှန်လျှောက်လာရင်း လူတစ်ယောက်နဲ့ဝင်တိုက်မိသွားတယ်။

Happiness Where stories live. Discover now