part 6

87 9 3
                                    

ညိုးငယ်နေတဲ့ မျက်နှာလေးနဲ့အသနားခံကြည့်နေတဲ့မျက်လုံးဝိုင်းဝိုင်းတွေက အီမင်ဟိုရဲ့ငြင်းပယ်စကားတွေကိုထွက်မလာအောင်တားဆီးနေတာကြောင့် မင်ဟိုဟာ စိတ်ရှုပ်လာခဲ့တယ်။ သူ့ဘဝမှာတစ်ခါမှလည်း တခြားသူကိုအိမ်မှာအိပ်ဖို့လက်မခံခဲ့ဖူးသလို ညအိပ်ဧည့်သည်လည်းမလာခဲ့ဖူးဘူး။အခုတော့ သူနဲ့သိတာမကြာသေးတဲ့အိမ်နီးချင်းကောင်လေးက သူ့အိမ်မှာညအိပ်ဖို့တောင်းဆိုနေပြီ။ ဒီကောင်လေးနဲ့တွေ့ပြီးကတည်းက သူခံစားမိတာက ဒီကောင်လေးကစိတ်ရှုပ်ဖို့တကယ်ကောင်းတယ်ဆိုတာပဲ။


" မရဘူး မင်းအိမ်မင်းပြန် "


မင်ဟိုက ထိုစကားကိုခပ်ပြတ်ပြတ်ပြောလိုက်တော့ ချက်ချင်းဆိုသလိုညိုးငယ်သွားတဲ့ ဂျီဆောင်းမျက်နှာက ပြိုတော့မယ့်မိုးလိုပဲ။ဒါပေမဲ့ မျှော်လင့်ချက်သေးသေးလေးနဲ့ မင်ဟိုကိုမော့ကြည့်ကာ ထပ်တောင်းဆိုမယ်လုပ်တော့ ပြတ်သားခိုင်မာတဲ့ အီမင်ဟိုရဲ့အကြည့်တွေကြောင့် သူပါးစပ်ကိုပိတ်ထားလိုက်ရတယ်။ ဘယ်တတ်နိုင်ပါ့မလဲ။ ရုပ်ချောပေမယ့် သဘောမကောင်းတဲ့လူကြီးကသူ့ကိုတစ်ညလေးတောင်ပေးမအိပ်ချင်ဘူးလေ။ 



ဒါကြောင့် ဂျီဆောင်းက လက်ထဲကဆေးဘူးကို မင်ဟို့ကိုလှမ်းပေးလိုက်ပြီး သူ့လွယ်အိတ်ကိုဆွဲကာ မတ်တပ်ထရပ်လိုက်တယ်။ ပြီးတော့ အလွန့်အလွန်ကို ညိုးငယ်တဲ့မျက်နှာနဲ့ တိုးရှရှလေသံလေးကိုထုတ်ကာ မင်ဟိုကြားအောင်တမင် ငြီးတွားပြ​လိုက်ပြီး



" ဒါဆိုလည်း ကျွန်တော်တခြားမှာသွားအိပ်လိုက်ပါ့မယ် ကောင်းသောညပါ hyung "


ဂျီဆောင်းက ပြောလည်းပြော မျက်နှာငယ်နဲ့လှည့်အထွက်မှာ

" ခဏ! ! "


သူ့နောက်ကထွက်ပေါ်လာတဲ့ ခပ်ကျယ်ကျယ်နဲ့အလောတကြီး အသံကြောင့် သူအနည်းငယ်ခိုးပြုံးလိုက်မိတယ်။ဒီဘဲကြီးက သူတွေးထားတဲ့အတိုင်းသဘောကောင်းမဲ့ပုံပါပဲ။ ဒါပေမဲ့ပျော်သွားတဲ့မျက်နှာကိုပြလို့မဖြစ်တာမို့ ဂျီဆောင်းကမျက်နှာပိုးသတ်ကာ မျက်နှာငယ်လေးနဲ့ မင်ဟို့ကိုလှည့်ကြည့်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jan 11 ⏰

Add this story to your Library to get notified about new parts!

Happiness Where stories live. Discover now