Part 7

2.2K 134 10
                                    

ရှောင်းကျန့် သူ့ကိုယ်ပေါ်က လုံးလုံးလေးနဲ့ လေးနေတယ့် အရာလေးကြောင့် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ် အမှန်တော့ သူ အိပ်မက်ရှည်ကြီးကို မက်နေခဲ့တာ သူ့အိပ်မက်ထဲမှာ သူနဲ့ ကောင်လေးတစ်ယောက်ရယ် ကလေးလေး တစ်ယောက်ရယ် ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေကြတယ် အဲ အခု မျက်လုံးဖွင့်လိုက်တော့ တွေ့လိုက်ရတာက သူ့ကိုယ်ပေါ်က ၃ နှစ်လောက် ရှိမယ့် ကလေးလေး တစ်ယောက်ပဲ ဘယ်လိုဖြစ်လို့ သူ့ကိုယ်ပေါ်ကို ရောက်နေရတာလဲ ရှုပ်ရှုပ်ယှက်ယှက် ဒါကြောင့်သူ အဲ့ကလေးကို လှုပ်ပြီးနိုးလိုက်တယ်
"ဟေး ကလေး ထ ထ ငါ့အပေါ်က ဆင်းဦး"

သူနိုးလိုက်တော့ ကလေးက ဘောပင်ကိုင်ထားတယ့် လက်ကလေးနဲ့ မျက်လုံးတွေကို ပွတ်လိုက်ပြီး သူ့ကိုကြည်လာတယ် ပြီးတော့ သူ့ရဲ့ ပါးကို နမ်းပြီး ကုတင်ပေါ်ကနေ ဆင်းကာ ဆိုဖာရှိတယ့်ဆီကို လှုပ်တုပ်လှုပ်တုပ်နဲ့ ပေးသွားလေရဲ့ ရှောင်းကျန့်လဲ အခုမှ အခန်းကို သတိထားမိတော့တယ် ဆိုဖာပေါ်မှာ အဒေါ်ကြီး တစ်ယောက်ထိုင်နေတာပဲ ပြီးတော့ သူ့ကို ဟို ကလေး နမ်းသွားတယ့်ပါးကို ကိုင်ပြီး ကြောင်နေမိတယ် အဒေါ်ကြီးကတော့ ရှောင်းကျန့်နား ရောက်လာပြီး သူ့ကို စကားလာစပြောတော့တယ်

"သားရှောင်းနိုးလာပြီလား ဒေါ်လေး ဆရာဝန်ကို ခေါ်ထားတယ် ပြီးတော့ သခင်ကြီးတို့ကိုလည်း ခေါ်ထားလိုက်ပြီနော် သားကျန့် နာတာကျင်တာမျိုးရောရှိနေသေးလား"

"မနာပါဘူး အဒေါ် ဒါနဲ့ စိတ်မရှိပါနဲ့ အဒေါ်ကို ကျွန်တော် မသိဘူး ဖြစ်နေတယ်"

ရှောင်းကျန့် စကားကြောင့် အဒေါ်ကြီးကတော့ အံသြသွားပြီးတော့ ဆရာဝန်ကို အမြန်သွားခေါ်မထ ဖြစ်တော့မယ်ဆိုပြီး အခန်းပြင်ကို ထွက်သွားလေရဲ့ ထိုအချိန် သူနိုးစကတွေ့လိုက်တယ့်ကလေး ကုတင်အောက်ကနေ သူ့လက်ကို လက်ကလေးသေးသေးနဲ့ လာကုပ်ပြီး လက်နှစ်ဖက်ကိုမြှောက်ပြလေရဲ့ သဘောကတော့ သူ့ကို ချီပြီး ကုတင်ပေါ်တင်ပေးပါပေါ့ သူလည်း ဘာမှ သတိကမရတာကတစ်မျိုး ဒီကလေးက တစ်မျိုးနဲ့ကြောင့် စိတ်ရှုပ်ရိုပ်နဲ့ အဲ့ကလေးကို ကုတင်ပေါ် ခေါ်တင်လိုက်တယ် အပေါ်ရောက်တာနဲ့ ကဘေးက သူ့လက်ထဲကို စာအုပ်လေးကို ထိုးပေးလေရဲ့ သူစာအုပ်ကို ကြည့်လိုက်တော့ လက်ရေးလှလှလေးနဲ့ရေးထားတယ့် စာလုံးလေးများကို တွေ့လိုက်ရတယ်

Dearness(Complete)Waar verhalen tot leven komen. Ontdek het nu