Part 3

2.3K 121 0
                                    

"အွန်း"
အိပ်ရာထဖို့ ပြင်လိုက်ပြီး ဘေးဘက်ကို လက်နဲ့ စမ်းကြည့်မိတော့ yibo မရှိတော့ဘူးပဲ ထသွားတာကြာပြီလား မသိဘူး ကိုယ်လည်း ထတော့မှပါ အလုပ်သွားရဦးမယ်

"zhan ge နိုးပြီလား "
ရေချိုးပြီး ပြန်ထွက်လာချိန် အိပ်ရာပေါ်မှာ မျက်လုံးဖွင့်ပြီး ဆန့်ဆန့်ကြီးနဲ့ ဘာတွေ စဥ်းစားနေလဲ မသိဘူး ဒီ ကောကောကတော့
"နိုးနေရင်လည်းထတော့ ကျွန်တော် ရေစပ်ပေးထားတယ် ရေချိုးလိုက်ဦး ပြီးရင် ဆင်းလာခဲ့တော့ အလုပ်ကို ကျွန်တော်လိုက်ပို့ပေးမယ်"

"အွန်း ရိပေါ် "

ဆံပင်စုတ်ဖွားနဲ့ ရေချိုးခန်းထဲ လှုပ်စိလှုပ်စိနဲ့ ဝင်သွားတယ့် လူသားလေးက ဆွဲစောင့် ပစ်ချင်စရာလေး  သူ့ကို ဆက်ကြည့်နေလို့ မဖြစ်တော့ဘူး အဝတ်လဲပီး အောက်ဆင်းတော့မှ တော်ကြာ ၂ ယောက်လုံး အောက်မရောက်တော့ပဲ နေမယ်

Xiaozhan ရေချိုးပြီး အောက်ဆင်းလာတော့ ထမင်းစားခန်းထဲမှာ Wang ပါးရော မားရောပါ သူ့ကို စောင့်နေတာကို တွေ့ရတယ်
"ပါးနဲ့ မား ကျွန်တော့်ကို ပြောစရာရှိလို့ စောင့်နေတာ လား တောင်းပန်ပါတယ် ဒီနေ့ ကျွန်တော် အိပ်ရာထနောက်ကျသွားတယ်"

"ဘာမှ မဖြစ်ပါဘူး သားကျန့်ရယ် မားတို့ ပြောစရာမရှိပါဘူး သားဝမ်ပေါ့ သူပြောစရာရှိလို့တယ့် လူစုံအောင် စောင့်ခိုင်းနေတာ"

"အော် ဘာပြောမလို့လဲ yibo "

"အွန်းပြောရမယ်ဆို အဲ့ကိစ္စက ကျွန်တော် အရင်လည်း ပြောဖူးပါတယ် အထက်တန်းပြီးရင် ကိုရီးယားကို ကျောင်းသွားတက်ဖို့လေ အဲ့တာအခု ကျွန်တော်လည်း ဒီမှာ ကျောင်းပြီးသွားပြီ ဟိုက ကျောင်းကိုလည်း ချိတ်ပြီးတော့ လိုအပ်တာတွေလည်း အကုန်လုပ်ပြီးပြီဆိုတော့ နောက်လထဲ သွားတော့မှာမို့ အဲ့တာပြောပြတာ"

"Wang yibo အားကျန့်က ကိုယ်ဝန်နဲ့လေ မင်းကိုယ့်အိမ်ထောင်ဖက်ကို ပစ်ပြီး ဘယ်နိုင်ငံကို သွားမလို့လဲ ပြီးတော့ ခနလေးသွားရမှာ မဟုတ်ဘူး 5 နှစ်လောက်သွားနေရမှာကို "

"သားဝမ် မင်း ပါး ပြောသလိုပဲ အကြာကြီးသွားရမှာကို ကိုယ့်ကလေးနဲ့ ခွဲနေရမှာ အကြာကြီး မားတော့ သဘောမကျပါဘူး ကိုယ့်နိုင်ငံမှာလည်း ကိုယ်ဟာကို ကျောင်းကောင်းကောင်းတက်လို့ရတာပဲ သားရယ်"

Dearness(Complete)Donde viven las historias. Descúbrelo ahora