ရှောင်းကျန့်တို့ သားဖ ကစားကွင်းကို ရောက်လာကြပြီး တွေ့သမျှဟာကို ပတ်စီး မုန့်တွေ ပတ်စားနဲ့ ပျော်ချင်တိုင်း ပျော်နေကြတယ် မပျော်နိုင်သူ တစ်ယောက်ကတော့ ဝမ်ရိပေါ်ပါ သူ့ကို မားက အတင်းလိုက်သွားခိုင်းလို့ လိုက်လာခဲ့ရတာကို ဒီရောက် ဟိုသားဖက ပတ်ဆော့ နေပြီး သူ့ကို တစ်ယောက်မှ အဖတ် မလုပ်ကြဘူး ဝမ်ဝမ်ကလည်း သူဆော့ချင်တာ စားချင်တာ တစ်ခုကို တွေ့တာနဲ့ သူ့ပါပါးကို လက်ညိုးထိုးပြတော့တာပဲ ဟို မကြီးမငယ် ယုန်စုတ်ကလည်း ကလေးနဲ့အပြိုင်ကို ဆော့လိုက်စားလိုက်နဲ့ ဒီလူ အသက်က ကြီး မလာပဲ ပြန်များငယ်သွားသလား မသိဘူး သူ့မှာသာ တစ်ယောက်ထဲ ယောင်ချာချာနဲ့ သူတို့စားသမျှဆော့သမျှကို နောက်ကလိုက်ရှင်းပေးနေရတယ် ဟော အခုလည်း ရိုလာကိုစတာ စီးဖို့ကို လက်မှတ်သွားဖြတ်နေလေရဲ့ ပိုက်ဆံ လိုက်ရှင်းပေးရဦး ဒါကတော့ ဝမ်ဝမ်စီးချင်တာ မဟုတ်လောက်ဘူး ဟို မကြီးမငယ်ပဲနေမှာ
"မောင် ပိုက်ဆံရှင်းလိုက်ဦး ၃ ယောက်စာနော် မင်းရော စီးရမှာ"
"ဟာ ဘာလို့ စီးရမှာလဲ ခင်ဗျားတို့ သားဖပဲ စီးကြ"
"မောင်ကလည်း သားက မင်းကိုပါ စီးစေချင်တယ်လို့ ပြောတာကို နော် မောင်ရယ် သားစိတ်ချမ်းသာအောင်လိုက်စီးလိုက်ပါကွာ"
"ခင်ဗျားအပိုတွေ ပြောမနေနဲ့ ဝမ်ဝမ်က စကားမှ မပြောတတ်ပဲနဲ့ ခင်ဗျားကို ဘယ်လို ပြောမှာလဲ"
"ဝမ်ဝမ်ကို စကားမပြောတတ်ဘူးဆိုပြီး လာမပြောနဲ့ ဝမ်ရိပေါ် ဒီကလေးက ငါ့ရဲ့ အမှားကြောင့်သာ ဒီလိုဖြစ်တာ ငါ့သားကို ငါရအောင်ကုမှာ ပြီးတော့ ငါ့ကလေး ဘာပြောချင်တယ်ဆိုတာကို သူ့ပါးစပ်က မပြောတောင် သူ့ကို မွေးထားတယ့် ငါက အကုန်သိတယ်"
ရိပေါ် သူပြောလိုက်တယ့် စကားက ရှောင်းကျန့်အတွက် ဒီလို နာကျင်မယ်ဆိုတာကို တကယ်မသိခဲ့ဘူး ဒါတွေကလည်း အကုန် သူ့အမှားတွေချည်းပဲ သူဒီမိသားစုလေးကို ဒီတစ်ခါတော့ အမှားယွင်း မရှိအောင်ကြိုးမှဖြစ်တော့မယ် သူ့သားလေး အတွက် ပြီးတော့ သူ့ အချစ်အတွက် အရာအားလုံးကို အသစ်က ပြန်စကြည့်မယ်
YOU ARE READING
Dearness(Complete)
Romanceပထမဆုံးအရေးအသား ဖြစ်ပါတယ် အမှားများစွာ ပါနိုင်ပါတယ်ဗျ idol image ကို ထိခိုက်လို စိတ်မရှိပါ