bec""ဟူးးဟူးးးစာမေးပွဲပြီးပြီဟေ့...
Irin""ငါတို့ မုန့်သွားစားဖို့ နင်လိုက်ဦးမလား""
bec""ဟင့်အင်း..ငါအမဆီပြေးတော့မယ် irin
Irin""ဟ...
Irinတို့တောင်မကြည့်ပဲbecတစ်နေရာသို့ဦးတည်ပြီးခြေလှမ်းများခပ်စိတ်စိတ်ပြေးခဲ့သည်..
သူမအရမ်းလွမ်းနေပြီလေ ၃ညနဲ့နေ့တစ်ဝက်သည်..သူမတွက် နှစ်ရှည်လများကဲ့သို့ပင်
ပန်းဆိုင်...
Bec""အန်တီကျူးလစ်အဖြူလှလှလေးတစ်စည်းပေးပါ...သေချာလေးထုပ်ပေးပါနော်..
Aunt""ဟော becပါလား သဘောကျတဲ့ကောင်မလေးနဲ့အဆင်ပြေပြီလား..
Becခေါင်းအသာခါပြကာ မျက်နှာလေးရှုံတွလိုက်သည်...
Bec""မပြေပါဘူးအန်တီရယ်..မမတွေများကောင်းကိုမကောင်းဘူး...
အန်တီကတော့ရီမောက သူမကိုပန်းစည်းကမ်းပေးလာသည်..
Becထိုပန်းစည်းကိုင်ကာ ဆိုင်ထဲမှအလျင်အမြန်ထွက်ပြီး သူမသွားမယ့်အဓိကနေရာဆီ ဦးတည်လိုက်သည်..
Bec""အမ....
Becခြေလှမ်းများရပ်တန့်သွားသည်...
သူမနှလုံးသားတစ်ခုလုံးပေါက်ကွဲသွားသလို...
သွေးလုံးဝမရှိတော့သလိုခံစားလိုက်ရသည်..သူမကိုဆို အမြဲတမ်း အငြင်းဝါကျနဲ့ ဆန့်ကျင်ဘက်တွေပဲပြောတတ်တဲ့သူမက...
သူစိမ်းယောက်ျားတစ်ယောက်ရဲ့ရင်ခွင်မှာငိုနေသည်ထိုမြင်ကွင်းဟာ..becတွက်တော့ စုပ်ပြတ်သက်နေသယောင်ပင်...
အမကတော့Becလာတာတောင်မသိသလိုမျိုး ထိုသူ့ရင်ခွင်တွင်ငိုနေသည်ပဲ..
Becရှုံးသွားပြီလား...
Becကပဲ နောက်ကျခဲ့တာလား..
Becကိုငြင်းနေတာတွေက အမ လူတစ်ယောက်ကိုချစ်ပြီး သူနှလုံးသားထဲဝင်နေလို့လား...လက်ထဲက ကျူးလစ်ပန်းအဖြူတွေကိုဆိုင်ထောင့်နေရာမှာထောင်ထားပြီး သူမခြေလှမ်းများဆန့်ကျင်ဘက်သို့ လေအရှိန်ဖြင့်ပြေးသွားသည်.....
Freen""ကျေးဇူးပါ heng....အခုလိည ငါ့ကိုရှင်းလင်းပေးတဲ့တွက်..
Heng""မှားမှမမှားတာ..နင်လူတစ်ယောက်မှမဟုတ်ဘူး တစ်ယောက်ဆုံးရှုံးသွားတိုင်း နင်ထပ်ချစ်မိရင် ချစ်လို့ရသေးတယ်..ပြီးတော့ သူဆုံးသွားတာနင့်ကြောင့်မှမဟုတ်တာကိုဟာ...သူကိုယ်တိုင်က လိုလိုလားလားဖြစ်ခဲ့တာပဲလေ.....နင့်အမှားမပါပါဘူး..