Uni
ကော်ဖီခွက်တွေကို တွေတွေလေး ငေးကြည့်နေတဲ့သူမက ခုနက ကလေးတစ်ယောက်လိုသူမကိုဖက်တွယ်ငိုနေတဲ့အမျိုးသမီးမဟုတ်တော့သလိုပါပဲ။freen""သူက အမကောင်လေးမဟုတ်ဘူး သူငယ်ချင်းပါ....
bec""ဟုတ်ကဲ့
သူမခေါင်းထဲ မေးနေတဲ့မေးခွန်းကိုအမကဖြေပေးသွားသည်...
Freen""Bec....အမကို ဘယ်ချိန်ကစပြီးသဘောကျခဲ့တာလဲဟင်
အမအသံသည်တအားချိုသာလွန်းသည်...
တစ်ခါမှ ဒီလောက်သူမအပေါ်ချိုသာသည့်လေသံမျိုးမပြောခဲ့ပေမယ့် ခုများတော့....bec""ကျောင်းရှေ့ စာအုပ်ဆိုင်မှာတိုက်မိတုန်းက....
ဒီတိုင်း နားကြပ်တတ်ထားတဲ့မမကိုသဘောကျသွားတာ...တောင်းပန်တာကို အေးစက်စက် အင်း...တစ်လုံးတည်းပြောသွားတဲ့အမကို တအားသဘောကျသွားတာ.........ဒါပေမယ့် ခုကလေ သဘောကျတာမဟုတ်တော့ပဲ...ချစ်မိသွားပြီအမ....freenသည် ထိုကလေးအပြောကိုသေချာနားထောင်ပြီး ပြုံးလိုက်ကာ
freen""bec....အမပြောတာ သေချာနားထောင်နော်...
Bec""ဟုတ်
freen""bec...အမကလေ မင်းဘက်က တို့ကိုမသိခင်ထဲက ချစ်လာခဲ့တာ....
Bec""ရှင်....
Becမျက်ဝန်းများပြူးကျယ်သွားခဲ့သည်...အမက သူမကိုချစ်ခဲ့တာတဲ့..အမြဲသူမအပေါ်အေးစက်နေတဲ့သူက becကိုချစ်ခဲ့တာတဲ့.....
Freen""bec အံ့သြပြီးမယုံကြည်ဖြစ်သွားလားတော့မသိပေမယ့် မင်းအပေါ်အေးစက်စက်နေတဲ့ဒီအမကလေ...မင်းကို တိတ်တိတ်လေးအရင်ချစ်ခဲ့တာ.....
Bec""ဘယ်ထဲကလဲဟင်..ဘယ်တုန်းထဲကလဲ ..
Freenကပြုံးကာ...အရင်အကြောင်းတွေထဲ နစ်ဝင်သွားသလို သူမရဲ့အတွေးတွေပြန်သွားမိလိုက်သည်...
Freen""လွန်ခဲ့တဲ့၃နှစ်...မင်းအထက်တန်းနောက်ဆုံးနှစ်လောက်ကထင်တယ်...busပေါ်မှာတွေ့ခဲ့တာ
တို့ကို အသားယူနေတဲ့လူလက်ထဲက ကူညီတဲ့ မင်းကို သဘောကျမိသွားတာ....တို့လေ အဲ့ထဲက မင်းနောက်ကလိုက်ခဲ့တာ.ဓာတ်ပုံလေးတွေရိုက်ရင်း...မင်းရှိတဲ့နေရာတိုင်းတို့ရှိတတ်ပြီး မင်းကိုငေးကြည့်ခဲ့တာbec....