part 4

442 68 27
                                    


Uni

"မင်းစဥ်းစားကြည့်စမ်း
အဲ့ကောင်လေးကအရမ်းချစ်ဖို့ကောင်းနေတယ်လို့မထင်ဘူးလား."

"ထင်ပါတယ်..မင်းကြီး"

အထိမ်းတော်ကတော့ဘေးမှာငုတ်တုတ်ငိုက်နေလို့ကိုယ်ရံတော်ကိုသာစကားပြောနေခြင်း

"ငါရောခန့်ညားတယ်လို့
မင်းမထင်ဘူးလား"

"ထင်ပါတယ်..မင်းကြီး"

"သူလေးနဲ့ငါရောလိုက်တယ်လို့မထင်ဘူးလား"

"ထင်.........."

"မင်းကြီး...ဘာကိုပြောတာပါလဲ
မဟုတ်မှမေတ္တာမျှနေတာလား"

"သူ့ဘက်ကတော့မသိပေမယ့်
ငါတော့သူ့ကိုချစ်နေပြီ"

မင်းကြီးကခေါင်းကိုပွတ်ကာရှက်ကိုးရှက်ကန်းဖြေတော့
ကိုယ်ရံတော်တယောက်အကြံရသွားသည်။

"မင်းကြီး..သူ့ကိုတော်ကောက်လိုက်လို့ရတာဘဲ"

ဒေါက်!!!!

ခုံပေါ်ကိုတံတောင်နဲ့အားပြုကာရှေ့မှာရှိတဲ့ကိုယ်ရံတော်ခေါင်းကိုအားရပါးရအသံမြည်အောင် ခေါက်လိုက်သည်။

"အဲ့လိုလုပ်ရင်ငါ့ကိုအတင်းအဓမ္မသိမ်းပိုက်တဲ့လူဆိုပြီးမုန်းသွားရင်ဘယ်လိုလုပ်မလဲ.."

ဆူဆူညံညံအသံကြားတော့မှထလာတဲ့အထိန်းတော်ကြီးဟာအလန့်တကြားနှင့်.

"အရှင်မင်းကြီး.. အိဒ္ဒြေထိန်းတော်မူပါ။"

"မထိန်းနိုင်ဘူး"

"ဘာတွေပြောလို့အမျက်တော်ထွက်နေတာပါလဲ"

"မင်းကငိုက်နေတော့ဘယ်သိပါ့မလဲ
ငါဘဲပြန် ပြောပြမယ်။"

ကိုယ်ရံတော်ရဲ့ရုပ်ကိုကြည့်တော့ငိုမဲ့မဲ့နှင့်..

"ဟို..စားဖိုဆောင်ကကောင်လေးတယောက်ကိုသဘောကျနေလို့"

"တကယ်လား"

အရှင်မင်းကြီးရဲ့အချစ်ရေးနောက်ဆုံးတော့ပေါ်လာခဲ့ပါပြီ။
အမြဲတမ်းအေးစက်စက်ဖြစ်နေတဲ့မင်းကြီးကိုရင်ခုန်အောင်လုပ်နိုင်တာဘယ်သူပါလိမ့်.

villainလေးအားသိမ်းပိုက်ခြင်းWhere stories live. Discover now