နေသားမကျတဲ့ခေါင်းအုံးခပ်အိအိ။ မဟုတ်သေး။ အိတယ်ဆိုတာထက်ဂျယ်လီတွေလိုခပ်တုန်တုန်လို့ပြောရမလား။ သာမန်ခေါင်းအုံးတွေလို မှို့တွေ၊ ဂွမ်းတွေထည့်သိပ်ပြီးချုပ်ထားတဲ့ခေါင်းအုံးမျိုးတော့မဟုတ်။ အိပ်လို့လည်းအဆင်မပြေ။ ခေါင်းကိုဟိုဘက်ဒီဘက်လှည့်လိုက်ပြန်ရင်လည်း ရေအပြည့်ထည့်ထားတဲ့ပူစီဖောင်းကြီးလိုတုန်ခနဲတုန်ခနဲ။ နောက်ပြီး...တစ်ချက်တစ်ချက်ဆိုသလို ဒီခေါင်းအုံးကြီးထဲက သွေးခုန်သံတဒိတ်ဒိတ်ပါကြားလိုက်ရသလိုလို။ ဒါကနားကြားမှားတာလည်းဖြစ်နိုင်တဲ့အတွက် သိပ်တော့မသေချာ။ သေချာတာက ဒါကြီးကခါတိုင်းအိပ်နေကျခေါင်းအုံးလုံးဝမဟုတ်။ ဒါကိုတော့မျက်လုံးမဖွင့်နိုင်သေးပေမယ့် အထိအတွေ့အရတပ်အပ်ပြောနိုင်သည်။ မစ္စစ်မီရှဲလ်များအိပ်ယာခင်းလဲရင်း ခေါင်းအုံးကိုပါလဲပေးသွားတာများလား။ဖာ့ခ်! သက်တောင့်သက်သာမဖြစ်လိုက်တာကွားးး
ပက်လက်အနေအထားကနေ ဘေးတစောင်းလှည့်အိပ်လိုက်ပေမယ့် ထူးထူးခြားခြားအဆင်ပြေသွားတာမရှိတဲ့အပြင် ဆီးခုံပေါ်ကိုတစ်ခုခုကဖိထားသည့်အတိုင်း။ ရှူနေရတဲ့လေထုကလည်း သေးနံ့လိုလို၊ ချွေးနံ့လိုလို၊ အန်ဖတ်နံလိုလို၊ ချဥ်စုပ်စုပ်အောက်သိုးသိုးနဲ့ တကယ့်မအေပေးနံ့ကြီး။ အနီးစပ်ဆုံးပြောရရင် ကျောင်းမှာPEချိန်ပြီးလို့အဝတ်လဲခန်းထဲဝင်လာတဲ့အခါရတတ်တဲ့အနံ့မျိုး။ ဒါကြီးကလည်းသိပ်တော့မဟုတ်ချင်။ မီရှဲလ်ကအခန်းရှင်းပေးပြီးတိုင်း ယူဂျင်းနား(Eugene-Ah)ပေးထားတဲ့ ပျားဖယောင်းတိုင်လေးတွေထွန်းပေးနေကျ။ တိတိကျကျဘာအနံ့ဆိုတာတော့မပြောတတ်။ ခန္ဓာကိုယ်ပေါ်မှာအနံ့တွေတင်ရတာမကြိုက်လို့ ယူဂျင်းနားကိုယ်တိုင်သူ့အာပါးဓာတ်ခွဲခန်းထဲဝင်ပြီးသေချာဖော်စပ်ပေးထားတဲ့ limited DIYတွေ။ နှစ်ယောက်သားဂျူနီယာဟိုက်စကူးစတက်တဲ့နေ့မှာပဲ လူပျိုဖြစ်တဲ့အထိန်းအမှတ်အနေနဲ့ပေးထားတဲ့ယူဂျင်းနားရဲ့လက်ဆောင်လေး။ မီရှဲလ်ကိုယ်တိုင်ကလည်း အခန်းရှင်းပေးဖို့ဝင်လာရင် သူ့ခန္ဓာကိုယ်ပေါ်မှာတောင်အမွှေးရနံ့ဖြန်းလာတတ်သူမဟုတ်။
YOU ARE READING
MAKE IT LEGAL
General FictionAs far as you should be concerned, everything here is a work of fiction.