အပိုင်း (၁)

561 12 0
                                    


၂၀ရာစု၏ ၁၉၁၀ပြည့်နှစ်နှောင်းပိုင်းကာလဖြစ်သည်။ အလုပ်အကိုင်အခွင့်အရေးပေါများမှုနှင့် ပညာရေးဆိုင်ရာအခွင့်အလမ်းများကြောင့် အမေရိကန်နိုင်ငံတွင်းသို့ အဘက်ဘက်မှလူမျိုးပေါင်းစုံ ရေစီးကမ်းပြိုဝင်ရောက်နေဆဲကာလဖြစ်၏။ တစ်ဖက်မှာလည်း ပထမကမ္ဘာစစ်ကြီးစတင်နေပြီဖြစ်သဖြင့် အမေရိက၏လူဝင်မှုကြီးကြပ်ရေးမှာ လျော့တိလျော့ရဲ​နှင့်ကစဥ်ကလျားဖြစ်လျက်။ ကမ္ဘာစစ်ကတစ်ဖက်၊ တရားမဝင်ရွေ့ပြောင်းဝင်ရောက်လာသောလူအုပ်ကြီးကတစ်ဖက်နှင့် အမေရိကန်အစိုးရ ဗျာများနေရသည်။ ၁၉၁၇တွင် ကမ္ဘာစစ်ကြီးအရှိန်မြင့်လာသည်နှင့်အမျှ အမေရိကန်စက်မှု၊ လက်မှုလုပ်သားအများစုမှာ မိခင်စစ်တပ်ထဲသို့ ဝင်ရောက်အားဖြည့်သွားကြသောကြောင့် ပြည်တွင်းလုပ်သားပြတ်လပ်မှုနှင့် အကြီးအကျယ်ရင်ဆိုင်လာရ၏။ ထိုအခါ အမေရိကတိုက်သို့ဘီလီယံနှင့်ချီရွှေ့ပြောင်းဝင်ရောက်လာသောလူအုပ်ကြီးထဲမှ လူအများစုဖြစ်သည့်အာဖရီကန်လူမည်းများအတွက် အမေရိကန်၏ပြတ်လပ်နေသောလုပ်သားအင်အားနေရာတွင် အစားထိုးဖြည့်စည်းခံရန်အခွင့်အလမ်းများစွာပေါ်ပေါက်လာတော့သည်။

သို့သော် မိမိနိုင်ငံတွင်းသို့လူစိမ်းဝင်ရောက်မှုမှာ အရှိန်နှင့်ဆောင့်တက်နေသည့်အတွက် ရှိရင်းစွဲဒေသခံလူဖြူတို့၏ သံသရစိတ်နှင့် စိုးရိမ်စိတ်များအပြန်အလှန်လွန်ဆွဲ​လျက်ရှိသည်။ အမေရိကန်အတွင်း၌လည်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသောအာဖရီကန်လူမည်းများသာမက၊ မက္ကဆီကိုကိုဖြတ်ကာတက္ကဆက်သို့ဝင်ရောက်လာသောမက္ကဆီကန်များအပြင်၊ ဂျူးနှင့်အီတာလျှံလူညိုများလည်း တဆတဆနှင့်တဖြည်းဖြည်းများပြားလာသည်။ ထိုသို့အချိန်နှင့်အမျှတရိပ်ရိပ်တက်နေသည့်သူစိမ်းအရေအတွက်ကြောင့် အိမ်ရှင်မှာလည်းအနေအထိုင်ကျပ်ကာ အမြင်မကြည်ဖြစ်လာရသည်။ သို့မှတဆင့် မိမိတို့ဒေသခံအဖြူအချင်းချင်းမှလွဲ၍ လူမည်း၊ လူညိုများအားခွဲခြားဆက်ဆံသည့် လူမျိုးကြီးဝါဒီသမားများပေါ်ပေါက်လာတော့သည်။

"ရို င်း မ်~မ်~မ်
ဘယ်အချိန်ရှိပြီလဲ။ မအိပ်သေးဘူးလား"

နောက်ကျောဘက်မှပေါ်ထွက်လာသော အခန်းဖော်၏ ဗလုံးဗထွေးအသံ။ ဒီကောင်တောင်တရေးနိုးလာပြီပဲ။

MAKE IT LEGALDonde viven las historias. Descúbrelo ahora