[Unicode]
အရာရာလိုက်ဝင်ပါနေတတ်သည့် တစ်ယောက်သောသူကိုပြန်အော်ပြောပြီးနောက်တွင်တော့ အိမ်၏အရှင်သခင်မကြီးထံဖုန်းပြန်ဆက်လိုက်သည်။
*တူ... တူ... တူ... တူ... *(ဖုန်းခေါ်နေသောအသံ)
*Sorry.. the number you're calling is on another call... သည်းခံပါရှင်.. မိတ်ဆွေခေါ်ဆိုသောဖုန်းနံပါတ်မှာ လတ်တလောမဖြေ.... * *တီ* (ဖုန်းချသောအသံ)“မအားဘူးပဲ ”
ဖုန်းကိုစားပွဲပေါ်တင်လိုက်ပြီးနောက် ဘေးရှိ TV remote ကိုယူ၍ TV လှမ်းဖွင့်လိုက်သည်။လက်ရှိပြသနေသည်က K drama တစ်ခုပင်။ ဘယ်လိုဇာတ်ကြောင်းလဲသိရရန် သျှားခဏလောက်ဆက်ကြည့်ဖြစ်လိုက်သည်။
«Oppa! Oppa ကဒီမိန်းမအတွက်နဲ့ကျွန်မကိုစွန့်ပစ်တယ်ပေါ့!
မင်းအသိစိတ်ဝင်ပါတော့။ သူမရှိလည်းငါကမှမင်းကိုမချစ်တာ။ မင်းဘာလို့သူ့ကိုအပြစ်တင်နေရတာလဲ
မင်ယောင်း.. ကိုယ်ပြောတာနားထောင်လေနော်.. အေးအေးဆေးဆေးလမ်းခွဲကြရအောင်.. ဒီဆက်ဆံရေးကမဖြစ်နိုင်တော့တာမင်းလည်းနားလည်နေတာပဲအား!!! မရဘူး!! လမ်းခွဲမပေးနိုင်.. »
//ဖြတ်// (TV ပိတ်လိုက်သောအသံ)
“ကျစ်! ဘယ်လိုဇာတ်လမ်းလဲကွာ ” TV ကိုပြန်ပိတ်ပြီးနောက် ဆိုဖာအားမှီရင်းလက်ထဲရှိနွားနို့ကိုပဲဇိမ်ခံသောက်နေလိုက်သည်။“နောက်လူပေါ်လာတဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းနဲ့တွေ့လိုက်ပြန်ပြီလား ” ခန့်ကမေးရင်းဘေးတွင်ဝင်ထိုင်သည်။
“အမ်း.. ” မကြည်မသာခေါင်းငြိမ့်ပြရင်းပြန်ဖြေလိုက်တော့..
“ဇာတ်လမ်းပဲလေကွာ.. ဇာတ်ရှိန်မြှင့်ဖို့ဒီလိုအခိုက်အတန့်ဆိုတာလိုအပ်တယ်လေ ”
“.... ” ဘာမှပြန်မဖြေပဲ သိရဲ့သားနဲ့ဟူသောမျက်လုံးနှင့်သာ စိုက်ကြည့်ပေးလိုက်သည်။ သို့သော်လည်း ခန့်ကတော့ သူ့လက်ထဲရှိနွားနို့ခွက်ကိုသာမြှောက်ပြရင်း...
“ငါ့ခွက်ထဲကနွားနို့တွေသောက်သွားတယ်မလား တစ်ဝက်လောက်လျော့နေတာ ”
“နင့်မှာသက်သေရှိလို့လား သက်သေမရှိပဲလူတစ်ယောက်ကိုစွပ်စွဲပြောဆိုလို့မရတာနင်ကအသိဆုံးဖြစ်ရမှာနော် ”
YOU ARE READING
Fujoshi မမအားချစ်မိခြင်း/Fujoshi မမအားခ်စ္မိျခင္း
Roman d'amour"မင်းက gay လား straight လား " "ကလေးလေး မင်း gay ဆိုမမရဲ့မွေးစားမောင်လေးလုပ် straight ဆိုလည်းမမနဲ့သူငယ်ချင်းလုပ်ကြရအောင်.. " ထူးဆန်းသောနည်းလမ်းတစ်ခုနှင့်စတင်ခဲ့သောသူတို့၏စကားဝိုင်းသည် ထို့နောက်တွင်ရောဘာဆက်ဖြစ်လာမည်လဲ.? မနဲ့မောင်ဇာတ်လမ်းပါနော် အဲ မန...