Uni
“ သူကဒီမှာ ဈေးအကြီးဆုံးဘဲဗျ... သခင်လေးတို့
တစ်ခြားတစ်ယောက်ကို ဝယ်လို့မရဘူးလားဟင် ”“ တစ်ခြားတစ်ယောက်မလိုဘူး ... ကျုပ်တို့လိုချင်တာ
သူဘဲ... သူ့ကိုမရရင်ဘယ်သူမှမဝယ်ဘူး ”ရုပ်ရည်ပြေပြစ်သူသခင်လေး၏မျက်နှာဟာတင်းမာ
စွာပြောဆိုလာလျှင် ဆောင်ကြာမြိုင်ကခေါင်းဆောင်
ဟာစိတ်ညစ်စွာခေါင်းတစ်ဗျင်းဗျင်းကုတ်သည်။ဘယ်လိုလုပ်ရပါ့မလဲ။ ထိုသခင်လေးလက်ညှိုးညွှန်နေသူမှာ
ဒီဆောင်ကြာမြိုင်ကဈေးအကောင်းဆုံးသူမဟုတ်လား။
ဒါကိုထုတ်ရောင်းလိုက်မှတော့ဖြင့် ဖောက်သည်တွေပျက်။ကုန်ပြီး ဆောင်ကြာမြိုင်ကသူဌေးကပါသူ့ကိုအလုပ်ဖြုတ်လိုက်မှဖြင့် ခွက်ပျောက်နေပါဦးမယ်။“ မင်းနဲ့ပြောလို့မပြီးရင် ပိုင်ရှင်နဲ့ပြောမယ်...
သူ့ကိုသွားခေါ်လှည့် ”“ ဟုတ်ပါပြီ... ကျွန်တော်သွားခေါ်ပေးပါမယ်
သခင်လေးတို့က ဒါလေးတွေသုံးဆောင်ရင်း
စောင့်တော်မူပါဦး ”ခေါင်းဆောင်ဆိုသောသူက ပြဿနာတစ်ခုသူလက်ကလွှတ်
ရင်ပြီးရောဆိုသောအထာနှင့် အပြေးအလွှားပိုင်ရှင်ကိုသွားခေါ်လေ၏။ ချပေးထားသော သေရည်နှင့်အမြည်းတွေကိုစားသုံးရင်း ခပ်လှမ်းလှမ်းကအသက်ကြီးကာအချိန်မစီးတဲ့လူအိုများကို ဧည့်ခံနေသောကောင်ကလေးအားငေးကြည့်နေလိုက်သည်။ဖြုဖွေးသောအသားအရည်နှင့်လိုက်ဖက်စွာဝတ်ဆင်ထားသောခရမ်းရင့်ရောင်ပိုးသားအင်္ကျီလေးနှင့် လူပုံလည်မှာသူဟာခပ်ထင်းထင်းရယ်။ ပန်းဆီရောင်ပါးလှပ်လှပ်နှုတ်ခမ်းတွေမှာအပြုံးတွေဟာအမြဲမပြတ်၊ ကြယ်တာရာလိုလင်းလက်တောက်ပနေသော မျက်လုံးလေးတွေက သိပ်ကိုလှပသည်။ ချိုချိုသာသာအသံကလေးနှင့်လိုက်ဖက်စွာ
သူ၏အပြုအမှူတွေက တခြားပြည့်တန်ဆာတွေလို့ဟော့ရမ်းမနေဘဲ သိမ့်မွေ့နေတာမျိုး။ ဒီလိုလူမျိုးကဘယ်လိုလုပ်
ပြည့်တန်ဆာလိုခေါ်ရက်မလဲ။ သာမန်ကာလျှံကအမှတ်တမဲ့
ကြည့်လိုက်မိရင် ထိုအမျိုးသားဟာ အသိုင်းဝိုင်းကြီးထဲကဟုထင်လောက်စရာကောင်းအောင် ကျက်သရေရှိနေတာ။
YOU ARE READING
𝐘𝐨𝐮𝐫 𝐄𝐲𝐞𝐬 𝐓𝐞𝐥𝐥 [ VKOOK ]
Fanfiction" ဂျွန့်ရဲ့မျက်ဝန်းတွေကပြောနေတယ်... ကိုယ့်ကိုချစ်နေတဲ့အကြောင်းတွေကိုလေ~ "