V

378 45 3
                                    

နေဝင်သည်ထိတစ်စုံတစ်ရာပြောင်းလဲခြင်းမရှိအသိစိတ်ကပ်နေသေးဆဲခန္ဓာကိုယ်ကြောင့်စိတ်ထဲစနိုးစနောက်နှင့် သခင်ငယ်တစ်ယောက်အဆောင်ထောင့်မှာထိုင်၍ တွေးငိုင်နေသည်။

မကြာခင်၌ အိမ်တော်တွင်းတစ်နေရာကအသံပလံများညံဝေလာလျှင် သခင့်စိတ်တွေစိုးထိတ်လာရသည်။ညံဝေနေသောအသံများသည် ဂျောင်ဂုအဆောင်ထဲ
ကထွက်နေမှန်းသခင်မှန်းဆမိသည်။

သခင်သည်မြန်ဆန်သောခြေလှမ်းများနှင့် ကျွန်းတံခါးကိုတွန်းဖွင့်သည့်အခါ မပွင့်လေမှသော့ပိတ်ခံထားရမှန်းသတိရသည်။ သူတစ်ခုခုများဖြစ်နေမလားဆိုသောဇောနှင့် ပြတင်းပေါက်တွေဆီသွားပြန်တော့လည်းအချည်းအနှီးသာ။

ခက်လှသည်က ယခုအချိန်၌စိတ်မူမှန်ဘဲထသောင်းကျန်းနိုင်သောကိုယ့်အဆောင်ထဲမှာလက်နက်ဆိုတာဓားတိုတစ်ချောင်းတောင်ရှိမနေပါ။ ကြံရာမရသည့်အဆုံး၌
ခုံရှည်ကိုဆွဲကာပြတင်းပေါက်ကိုရိုက်ချိုး၍ထွက်ပေါက်ရှာရတော့သည်။

ကံကောင်းထောက်မစွာနှင့် လွတ်မြောက်လာသောသခင်သည် ခြံဝန်းထဲပတ်၍အိမ်တော်တံခါးမကြီးကနေပြန်‌ဝင်ကာဂျောင်ဂုအဆောင်ရှိရဆီ‌အပြေးအလွှားလာသည်။ အဆောင်တံခါးကိုကမန်းကတန်း
ဆွဲဖွင့်လျှင် ကြမ်းပြင်ပေါ်လဲကျနေသောဂျောင်ဂုခန္ဓာကိုယ်ကိုမြင်မြင်ချင်းသွားထူးမိသည်။

လည်တိုင်ဘေးဘက်ပြတ်ရှရာကနေ‌စီးကျနေသောသွေးများကမနည်းမနှော။ သွေးထွက်လွန်မသွားခင်ဒဏ်ရာကိုလက်ဖြင့်အုပ်ကာဂျောင်ဂုကိုပွေ့၍နီးရာ
သမားတော်ထံ‌‌ေခါ်‌ေပြးရသည်။
.
.
.
.
.
“ မယ်မယ် ~ ”

“ သားတော်~ ဒါတွေကဘယ်လို
ဖြစ်ရတာတုန်း....သားတော်ရော
ဘယ်နေရာထိခိုက်သွားလဲ... ”

သတင်းပို့ပြီးချင်းချင်းရောက်ချလာသောမယ်မယ်ကသူ့လက်မှစွန်းထင်းနေသောသွေးစများကိုမြင်လျှင်ပူပန်စွာမေးသည်။

“ ကျွန်းတော်မျိုးကဘာမှမဖြစ်ပါဘူး...
ဖြစ်တာကသူ~ သူဒဏ်ရာရထားတယ်...
ဘာတွေဘယ်လိုဖြစ်သွားတယ်မသိဘူး~
ကျွန်တော်မျိုးအသံကြားလို့သွားကြည့်တော့ ... ”

You've reached the end of published parts.

⏰ Last updated: Jun 03 ⏰

Add this story to your Library to get notified about new parts!

𝐘𝐨𝐮𝐫 𝐄𝐲𝐞𝐬 𝐓𝐞𝐥𝐥 [ VKOOK ]Where stories live. Discover now