II

527 87 6
                                    

Uni



“ လွမ်းနေရတာကွာ~ ကိုယ့်မှာမင်းကိုညတိုင်းရှာ
လိုက်ရတာရူးနေအောင်ဘဲ... ”

လက်ဝါးကျယ်ကျယ်နှစ်ဖက်ဟာပါးပြင်တစ်ဖက်
တစ်ချက်ဆီမှာကပ်ထားကာ မျက်ရည်တွေဝိုင်းနေသာမျက်ဝန်းညိုတွေကသူ့ကိုတယုတယကြည့်ရင်း တုန်ရီ
သောလေသံတွေနှင့်ပြောဆိုနေသည်။

“ ဘယ်တွေရောက်နေခဲ့တာလဲ ကိုယ့်ရဲ့ထာရမ်းရယ်
ကိုယ့်ကိုပြာပါဦး မင်းဘယ်တွေရောက်နေခဲ့တာလဲ ”

“ အား! ”

ပခုံးစွန်းနှစ်ဖက်ကိုဆုပ်ကိုင်၍မေးသေားသူကြောင့်
မှင်ကြောင်ထိုးထားသည့်အနာကိုထိမိကာနာကျင်၍
သူအော်လိုက်မိသည်။ ဒါကိုမိုးပြိုသွားမတတ်ဖြစ်သွား
သောမျက်နှာပေးနှင့်ထိုလူဟာ ပျာပျာသလဲမေးပြန်၏။

“ ဘာဖြစ်လာတာလဲ... ကိုယ့်ကိုပြစမ်း!
ထိခိုက်လာတာလား... ဟင်! သွေးတွေပါလား
ဒါဘယ်သူလုပ်လိုက်တာလဲ! မင်းကိုဒီလိုဖြစ်အောင်
ဘယ်သူကလုပ်ရဲတာလဲ ပြောစမ်း! တစ်ယောက်
မကျန်အကုန်သတ်ပစ်မယ် ”

အပေါ်ဝတ်ရုံကိုအတင်းချွတ်ကြည့်သောသူက အတွင်း
ဝတ်အဖြူပေါ်က သွေးစများကိုမြင်လျှင် ထပ်၍ကစဉ်ကလျားဖြစ်ကာ ဓားဆွဲ၍သောင်းကျန်းပြန်၏။

“ သခင်~ ကျွန်တော်မျိုးကိုကြည့်ပါဦး...
ကျွန်တော့်ကိုဘယ်သူမှဘာမှမလုပ်ပါဘူး... 
အဲ့ဒါကမှင်ကြောင်ထိုးထားလို့သွေးထွက်နေတာပါ... စိတ်ကိုအေး‌အေးထားပါအခုအထဲဝင်ရ‌အောင်‌လေ‌နော်~သခင်ကကျွန်တော်မျိုးကို
ဆေးလိမ်းပေးမယ်မလားဟင်... ”

အတင်းကာရောသတ်မယ်ဖြတ်မယ်ဖြစ်နေသောသူ
၏ပါးပြင်တစ်ဖက်ကိုမရဲတရဲကိုင်ကာသူနှင့်အကြည့်ခြင်း
ဆုံစေ၍ ပြောမှငြိမ်ကျသွားပြီး ကိုင်ထားသည့်ဓားရှည်
ကိုလွတ်ချပြီး လူကိုဆွေ့ကနဲပွေ့ချီသည်။

“ သခင်! သခင်လေးနေပါ့မယ်... အောက်ကို
ပြန်ချပေးပါ... ကျွန်တော်မျိုးဘာသာလျှောက်ပါ့မယ် ”

“ ငြိမ်ငြိမ်နေ ထာရမ်း~ ကိုယ်အခုမင်းကိုစိတ်ဆိုး
နေသေးတယ်... ကိုယ်ခေါ်ရာကိုသာငြိမ်ငြိမ်လေး
လိုက်လာပါ စကားတွေမများနဲ့ ”

𝐘𝐨𝐮𝐫 𝐄𝐲𝐞𝐬 𝐓𝐞𝐥𝐥 [ VKOOK ]Where stories live. Discover now