"သားသားလိမ္မာအောင်နေရမယ်နော် သူငယ်ချင်းတွေကိုလဲအလျှော့ပေးရမယ်နော်"
ကလေးပေါင်ဒါကိုလက်ခုပ်ထဲထည့်ရင်း ရှေ့ကစူထွက်နေတဲ့ဗိုက်ကလေးပေါ်ခပ်ဖွဖွလေးပုတ်ပေးလိုက်သည်။
"Biubiuကြားလားလို့"
ကောက်ချိတ်နေတဲ့ဖင်လုံးလုံးလေးကိုခပ်ဆက်ဆက်လေးရိုက်ပြီး ငေးငိုင်နေတဲ့ 6နှစ်သားလေးကိုသတိပြန်၀င်လာအောင်လုပ်လိုက်သည်။
"ဟုတ်"
"ကြောက်နေတာလား"
ဆံပင်အိအိတွေတုံသွားအောင်ခေါင်းငြိမ့်ပြပြီး
မျက်လုံး၀ိုင်း၀ိုင်းတွေကအရည်လဲ့ချင်သယောင်ယောင်ဖြစ်လာတာမို့ Biuရဲ့မာမားက
စကားဆက်မနေတော့ပဲ လမ်းကြောင်းလွှဲကာကျောင်းရောက်ရင်သူငယ်ချင်းအသစ်တွေနဲ့တွေ့မှာမို့
ပျော်သွားမှာပါဆိုပြီး ကလေးလေးကိုမက်လုံးပေးလိုက်၏။ပြိုင်ကားစတေကာနဲ့ကော်ထမင်းချိုင့်ဘူးပြာပြာလေးကိုဆွဲပြီးကျောင်းကားပေါ်လုံးလုံး လုံးလုံးနဲ့တက်သွားပေမယ့် လည်ပြန်လေးကြည့်ပြီး မျက်ရည်လေးတွေက၀ဲလို့။ ကိုယ်ကမိဘဖြစ်တာရော ပထမဆုံးသားသားရဲ့ကျောင်းတက်ရက်မှာ လူကြီးတန်မဲ့မငိုချင်တာရောကြောင့်အမူအရာထိန်းပြီး တာ့တာပြလိုက်သည်။
"ဂရုစိုက်သွား ညနေကျရင်မာမားဆီပြန်လာခဲ့နော်"
_______
ငိုချင်သလိုလိုဖြစ်ထားတာကြောင့်မျက်ရည်တွေနဲ့စိုကပ်နေတဲ့မျက်တောင်ကော့ကော့တွေကိုအမြင်ကြည်အောင်ပုတ်ခက်ပုတ်ခက်လုပ်လိုက်ပြီး ကျောင်းကားပေါ်မှာထိုင်စရာနေရာရှာရတော့သည်။
Biuရဲ့အိမ်ကကျောင်းနဲ့မနီးမ၀ေးမှာရှိတာကြောင့် အ၀ေးကကလေးတွေကိုပတ်ခေါ်ပြီးကျောင်းကိုဦးတည်နေတဲ့ကျောင်းကားပေါ်မှာ နေရာသိပ်မကျန်တော့ဘူး။
ကျောင်းကားအရှည်ကြီးပေါ်မှာ ယိုင်လဲမှာဆိုးလို့ ခုံတွေကိုကိုင်ထားတဲ့လက်တုတ်တုတ်ခဲခဲတွေရဲ့ပိုင်ရှင်က တဖြေးဖြေးနဲ့ကားရဲ့နောက်ပိုင်းကိုရောက်သွားသည်။
"Biubiu ဒီမှာထိုင်လို့ရလား"
အောက်ခံအနီရောင်ကိုအပြာလိုင်းဖောက်ထားတဲ့ jacket ပိုင်ရှင်က မျက်ပေတုံးမျက်လုံးမျိုးနဲ့မော့
ကြည့်လာသည်။