"မင်းတကယ်ချီးထုပ်ပဲ"
အချီခံချင်တဲ့ကလေးပိစိလိုလက်၂ဖက်လုံးကိုဆန့်ထားပြီး မျက်နှာငယ်လေးလုပ်နေတဲ့လူနား ခပ်မြန်မြန်သွားပြီးသူရှိနေတဲ့ မီးဖိုချောင်ကောင်တာနားကနေသွားပြီးပွေ့ချီလိုက်သည်။
ဆွေ့ကနဲပါပါလာချင်း ပုခုံးပေါ်ခေါင်းလေးအပ်ပြီး
ငြိမ်ငြိမ်လေးလိုက်လာတော့လဲ စိတ်ထဲမကောင်း။Bibleကမနက်ပိုင်း ဒီနားလေးခနလေ့ကျင့်ခန်းလုပ်ရင်း ပြေးအုန်းမယ်ဆိုပြီးသေချာမှာသွားခဲ့တာ။
"မင်းငါမရှိပဲလျှောက်လုပ်ပြီးတစ်ခုခုဖြစ်ရင် မင်းကိုငါထားပစ်ခဲ့မှာနော် " ဆိုပြီးချိန်းခြောက်ထားခဲ့တာတောင် ပြေးတာကနေပြန်လာတော့ မီးဖိုချောင်ထဲဖန်ကွဲစတွေအလယ်မှာ ခေါင်းလေးငိုက်စိုက်ကျလို့။
လူကိုမြင်တာနဲ့ "ချီပေးအုန်း " ဆိုပြီးလက်လှမ်းလာတာ။ဆိုဒ်လွန်နေတဲ့ရှပ်အင်္ကျီပွပွနဲ့ ဘောင်းဘီတိုပဲခန္ဓာကိုယ်မှာရှိတယ်။အိမ်နေရင်း ဖိနပ်ကစီးမထားတာကြောင့် ဖန်ကွဲစတွေကြားထဲ ဖြတ်လျှောက်လို့လဲမရ ရှင်းလို့လဲမရ သိမ်းလို့ဆည်းလို့လဲမရတာကြောင့်
Bibleပြန်လာတာကို ဒီတိုင်းလေးရပ်စောင့်နေပုံပေါ်သည်။"ဖိနပ်ဘာလို့မစီးတာလဲ"
ပုခုံးပေါ်ကခေါင်းလုံးလုံးလေးက လှုပ်သွားပေမယ့်
အသံကတော့ထွက်မလာဘူး"ဖြေလေ"
"ငါ့ကိုထားပစ်ခဲ့မှာတော့မဟုတ်ဘူးမလား"
လည်ပင်းကိုဖက်ထားတဲ့လက်တွေကပိုပြီးတင်းကျပ်လာပြီး လွှတ်ထွက်မသွားအောင် ဖက်တွယ်ထားသလိုလို။
"ငါမေးတာအရင်ဖြေ"
"မင်းပဲ ငါ့ဖိနပ်ကမလှဘူးဆို ငါနဲ့မလိုက်ဘူးဆို"
Build က ကျောင်းပြီးသွားတာနဲ့Bibleနဲ့တူတူ အိမ်ပြောင်းနေရတော့မည်ဆိုတာကို တွေးရင်းတွေးရင်း
အူမြူးနေခဲ့မိတာကြာပြီ။ နောက်ဆုံး ကျောင်းပြီးသွားတဲ့အချိန်တွေရက်တွေကို လက်ချိုးရေရင်း
စောင့်မျှော်နေရတဲ့ရက်ကိုရောက်တဲ့အခါ
အိမ်ထဲထည့်ချင်တာတွေများလွန်းလို့
အကြမ်းစီးဖိနပ်ကို၀ယ်ဖို့မေ့သွားသည်။