ကက်စ်မေယာဒေါ့ (Cat Maya Dog) Rule1

130 9 1
                                    

"ကောင်ဆိုး ထတော့"

"ဦး ကျနော့်ကို အဲ့လိုမခေါ်နဲ့"
ကျနော့်မှာ နာမည်ရှိတယ်
မေယာ ကျနော့်ကို မေယာလို့ခေါ်"

"မခေါ်ဘူးကွာ ထပြီး
စကားလက် နဲ့ စတားလုံးကိုကြည့်ထားပေးဦး
ငါ အပြင်သွားရင် လိုက်လာနေမှာစိုးလို့"

"ခေါ်သွားပေါ့
အဲ့ကောင်တွေကို ဦးသိပ်ချစ်တာဘဲမဟုတ်လား"

"ကောင်ဆိုး .."

"ဦးက ခွေးတွေ ကြောင်တွေကျ ချစ်တယ်
ကျနော့်ကျ မချစ်ဘူး ဘာလို့လဲ"

"လူဖြစ်နေလို့ကွာ"

"ဒီလိုဆို ကျနော်က ခွေးဆို ဦးကချစ်မှာလား"

ဆေးလိပ်မီးညှိရင်း
ဦးက ‌အင်းလို့ဖြေတယ်!!

"ကျနော်က ကြောင်ဆိုရင်ရော
ဦးက ချစ်မှာလား"

လှည့်တောင်မကြည့်ဘူး
ဖိနပ်စီးရင်း အေားကွာလို့ပြောတယ်

"ဦး
ဒီနေ့ကစပြီး
ကျနော်က ခွေး
ကျနော်က ကြောင်
နာမည်က မေယာ
ဦး ကျနော့်ကို ချစ်ပါ"

ဦးက မျက်မှောင်ကုတ်ပြီး
ခေါင်းခါတယ်

"ခဏလေးဘဲ ငါပြန်လာခဲ့မယ်
ကောင်ဆိုး"

Nyothitwai
22/6/2023..
Thu
9:39pm
🏳️‍🌈🤎🏳️‍🌈

ကက်စ်မေယာဒေါ့ (Cat Maya Dog)Where stories live. Discover now