ကက်စ်မေယာဒေါ့ (Cat Maya Dog) Rule 2

62 3 1
                                    

ကက်စ်မေယာဒေါ့ (Cat Maya Dog)
**********************************
Rule 2
******

ကျနော်က ဦးကိုချစ်သလို
ဦးဂရုစိုက်တာက်ိုလိုချင်တယ်
%%%%%%%%%%%%%%%%

ဒယ်ဒီနဲ့မာမီ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးတဲ့နေ့
ဘယ်သူ့ဆီလိုက်နေမလဲဆိုတဲ့ မေးခွန်းမှာ
ကျနော်ဟာ သွေးမတော်သားမစပ်
မျက်နှာချင်းဆိုင်အိမ်က ဦးဆီမှာနေဖို့
ဆုံးဖြတ်ခဲ့တယ်

ကျနော့် ဆုံးဖြတ်ချက်ကို ဦးမသိသလို
မာမီတို့လည်း မသိဘူး!!!

ရှေ့နေနဲ့ အသိသက်သေခေါ်ပြီး လက်မှတ်ထိုးတဲ့အချိန်
ဘယ်သူနဲ့ လိုက်နေမလဲ မေးတဲ့အခါ
ကျနော်ဟာ ဦးအိမ်ကိုလက်ညှိုးထိုးလိုက်တယ်

ကျနော့်ရွေးချယ်မှု့ဟာ မိဘတွေမဟုတ်ဘဲ
သွေးမတော်သားမစပ် ဦး ဖြစ်နေတော့
အားလုံး အံ့ဩသင့်ခဲ့ရတယ်
ကျနော့်ကို ဝိုင်းဖျောင်းဖျတဲ့အခါ
ကျနော်ဟာ ဦးနဲ့သာနေချင်ကြောင်းပြောခဲ့တယ်

လူတွေအားလုံးကအမျိုးမျိုးတွေးနေတာကို
ကျနော် မသိသလို လိုက်မမှီပေမယ့်
ဦးကိုတော့ သူတို့တွေ ‌ကျနော်ရှိရာခေါ်လာခဲ့တယ်

ဦးကိုယ်တိုင်လည်း အံ့ဩသင့်နေတော့

မေးခွန်းတွေကို ဖြေဖို့ ကျနော်အလှည့်
ကျနော် အဖြေကောင်းမှ
ဦးနဲ့နေရမှာ မလား

ဒယ်ဒီဟာ မိဘအပေါ်မမှီခိုဘဲ
သူစိမ်းအပေါ်မှီခိုချင်နေတဲ့
ကျနော့်ကို ထရိုက်တယ်
မာမီကလည်း မဆွဲခဲ့ဘူး

ဦးက တော်တော့ ကျနော်တို့ သူပြောတာ
နားထောင်ကြည့်ရအောင်လို့
ဝင်ပြောတယ်

နောက်ပြီး ဦးကမေးတယ်
ဘာလို့ ကျနော်နေချင်တာ သူ့ဆီ
ဖြစ်နေရတာလဲ
ဦးက မင်းနဲ့ ဘယ်လိုမှမပတ်သက်ဘူးတဲ့

ဟုတ်ပါတယ်
ဦးကဖြင့် ကျနော့်ကိုတောင်
ခုမှကောင်းကောင်းသိတာ
ဖြစ်ဖို့များပါတယ်

အားလုံးကလည်း ကျနော့်ဆီက
အဖြေကိုလိုချင်နေကြတယ်

"မင်းဖြေမှဖြစ်မယ် ကလေး
မဟုတ်ရင် ငါကကြားထဲက
ဘာပြောရမှန်းမသိဘူးကွ"

"ဦးက ကြင်နာတတ်လို့ပါ"

"ဟေ
ဦးက ကြင်နာတတ်တယ်လို့ ဘယ်သူပြောလဲ
ဘယ်လိုဖြစ်ဖြစ်ပါ မင်းက မင်းမိဘတွေနဲ့
နေသင့်တယ်‌ကွ "

"ဦး ကျနော် ဒယ်ဒီနဲ့လိုက်ရင်
ဦးရဲ့ခွေးလးကို ထည့်ပေးပါ
မာမီနဲ့လိုက်သွားရင်
ဦးရဲ့ကြောင်လေးကိုထည့်ပေးပါ
နော် ဦး"

"မင်း ဘယ်သူနဲ့လိုက်လိုက်
ဦး သူတို့ကို မင်းနဲ့ မထည့်ပေးနိုင်ဘူး
သူတို့တွေအပေါ် ဦးသံယောစဉ်တွယ်နေပြီ ကလေးရ
မင်းလိုချင်တယ်ဆို ဦးအသစ်ဝယ်ပြီးထည့်ပေးမယ်"

"ကျေးဇူးပါ ဦး
ဦးရဲ့ခွေးနဲ့ကြောင်လေးက ဦးအိမ်မှာရှိနေလို့သာ
တစ်နေရာစီဖြစ်မသွားရတာ
ကျနော့်အိမ်မှာဆို ဘယ်သူ့နောက်လိုက်ရမလဲ
သူတို့တွေးနေရမှာနော် ဦး
ဦးက သူတို့အပေါ်လည်း သိပ်ချစ်တယ်
ကျနော်မြင်တာဘဲ
ကျနော့်အိမ်မှာက ကျနော်တစ်ယောက်တည်းလေ
လူခွဲပြီး လိုက်လို့မှမရတာ"

ပါးစပ်ကပြောနေ‌သလို
မျက်ရည်တွေဝိုင်းနေတဲ့ လူအုပ်ကြားက
ကလေးတစ်ယောက်ကို
ဦးဟာ သူနဲ့အတူနေဖို့ တောင်းဆိုခဲ့တယ်

ဒယ်ဒီနဲ့မာမီက ငြင်းချက်မရှိ လက်ခံတယ်
ဦးနဲ့ကျနော်လိုက်နေခဲ့တယ်

ဦးက ကျနော့်ကို ကောင်ဆိုး'လို့ခေါ်တယ်

ကျနော့်နာမည်က ‌Maya'မေယာ

ဦးနာမည်က ထန်ဦးခန့်

ကျနော်က ဦးလို့ခေါ်တယ်

ဦးက ခွေးလေးနဲ့ကြောင်လေးလို
ကျနော့်ကို ဂရုစိုက်တယ်

ကျနော် ဦးကို လိုချင်တယ်
ဦး ကျနော့်ကို ချစ်စေချင်တယ်

ဦးသာချစ်မယ်ဆို ကျနော်ဟာ
ဦးရဲ့ တတိယမြောက် ခွေးလေး သို့မဟုတ် ကြောင်လေး
ဖြစ်နိုင်ပါတယ်

ခုတော့ စတားလုံး နဲ့ စကားလက် ဆိုတဲ့
ဦးရဲ့ ခွေးလေးနဲ့ကြောင်လေးကို မနာလိုနေရင်း
ဦးဆီက ကြင်နာမှု့တွေရဖို့ကြိုးစားနေရတယ်

ဟိုးအရင် ကျနော့်အိမ်ကနေ ဦးကိုကြည့်ရင်
ဦးက ခွေးလေးနဲ့ကြောင်လေးကို
သိပ်ချစ်တာတွေ့ရတယ်လေ
တစ်ခါတစ်လေ ပွတ်သပ်ပွေ့ချီ နေလိုက်တာများ
ကျနော်ဆို တစ်ခါမှ ပွေ့ချီမခံရဘူးဘူး

တစ်နေ့ ဦး ကျနော့်ကို ပွေ့ချီပေးပါ
ဦး ကျနော့်ကိုချစ်ပေးပါ

Nyothitwai
16/10/2023..
Thu
9:39pm
🏳️‍🌈🤎🏳️‍🌈

Thu9:39pm🏳️‍🌈🤎🏳️‍🌈

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကက်စ်မေယာဒေါ့ (Cat Maya Dog)Where stories live. Discover now